ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးပယ်စောက်ချိန် နှင့်သားအပါအဝင် ကိုးကန့် မိသားစု (၃) ခုကို တရုတ်က ဖမ်းဝရမ်းထုတ်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ ပထမဆုံး အာဏရှိသူဖြစ်ခဲ့သည့် ဦးပယ်စောက်ချိန်နှင့် ၎င်း၏ သားဖြစ်သူအပါအဝင် ကိုးကန့်ဒေသ၏ အထင်ကရ သူဌေးမိသားစု (၃) ခုကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ (၁၀) ရက်တွင် တရုတ်အစိုးရက ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်ပြီး သတင်းပေးသူများကို ဆုငွေ အနေဖြင့် တရုတ်ငွေတစ်သိန်းခွဲ ချီးမြင့်မည်ဟုလည်းပါဝင်သည်။တရုတ်အစိုးရက ပစ်မှတ်ထား နှိမ်နှင်းနေသည့် ကျားဖြန့် လုပ်ငန်းများ၏ အဓိက တရားခံများဟု အမည်တပ်ခံရပြီး ဖမ်းဝရမ်းထုတ်ခံရသူများထဲတွင် ကိုးကန့်ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးပယ်စောက်ချိန်နှင့် ၎င်း၏သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရင်ချန်း လည်းပါဝင်နေသည်ကိုလည်းတွေ့ရသည်။

၎င်းတို့ နှစ်ဦးပြင် ဦးပယ်စောက်ချိန်၏ သမီးဖြစ်သူ ပယ်ရင်လန်းနှင့် ကိုးကန့် နာမည်ကြီး သူဌေးမိသားစု ဖြစ်သည့် ဝေဆန်းနှင့် ဝေချင်းဆုန်း၊ ဝေရုန့် တို့အပြင် ဖူလီလိုက်ကုမ္မဏီပိုင်ရှင် လျိုအားပေါက်၊ လျိုကျီးကွမ်း၊ လျိုကျင်းမောက် တို့နှင့် ရှီးလောက်ဖား လည်း ပါဝင်နေသည်ကို တွေ့ရသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာ – တရုတ် နယ်စပ် ရှမ်းမြောက် ဒေသအတွင်း အခြေချလုပ်ကိုင်နေသည့် ကျားဖျန့်ခေါ် အွန်လိုင်း လိမ်လည်မှုဂိုဏ်များကို နှိမ်နှင်းရန် မြန်မာအစိုးရအား ဖိအားပေးမှုများ လုပ်ဆောင်နေသည့်အပြင် မြန်မာအစိုးရအနေဖြင့် အဆိုပါ လုပ်ငန်းများမှ ငွေကြေးများကိုပါ ပြန်လည် လွှဲပြောင်း ပေးရန် ဖိအားပေးမှုများ ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စိန်နန်းတော် စိန်ရွှေရတနာဆိုင်ရဲ့Terminal M ဆိုင်သစ် ဖွင့်ပွဲ ကျင်းပ
Next post Miss Grand Myanmar 2024 အဖြစ် ၁၇ နှစ်အရွယ် အလှမယ်လေး သဲစုငြိမ်း ရွေးချယ်ခံရ