မြန်မာနိုင်ငံရဲ့ ပထမဆုံး JINPENG အမှတ်တံဆိပ် EV သုံးဘီးယာဥ်မိတ်ဆက်ပွဲ ကျင်းပ

APAC ကုမ္ပဏီမှ တင်သွင်းထားတဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံးသော EV သုံးဘီးယာဉ်မိတ်ဆက်ပွဲနှင့် အရောင်းကိုယ်စားလှယ် ဖိတ်ခေါ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၅)ရက်နေ့ ညနေ(၃)မှ စတင်ပြီး Mandalay Square Promotion Area မှာ စတင် ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ဒီဇင်ဘာ(၅)ရက်နေ့ကနေ (၇)ရက်နေ့အထိ Mingalar Mandalay ,Mandalay Square Promotion Area မှာ ကျင်းပ ပြုလုပ်မယ့် Jinpeng EV သုံးဘီး ကိုယ်စားလှယ်ဖိတ်ခေါ်ပွဲနှင့်မိတ်ဆက်ပွဲအခမ်းအနားမှာ MC အနေနဲ့ ကိုစိုးကြီးက ပါဝင်အားဖြည့်ပေးမှာပဲဖြစ်ပါတယ်။ အချစ်တော်MC ကိုစိုးကြီးပါတယ်ဆိုတော့ ထုံးစံအတိုင်း အနုပညာရှင်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာဂိမ်းအစီအစဉ်တွေလည်း ပါဝင်မည်လို့ သိရှိရပါတယ်။ကိုစိုးကြီးရဲ့ ဟာဒယရွှင်ဆေးနဲ့အတူ ချစ်ရတဲ့ နိုင်ငံကျော်အနုပညာရှင်တွေနဲ့ ဂိမ်းအတူတူဆော့ရမယ့် အစီအစဉ်တွေအများကြီးရှိတယ်လို့ သိရှိရပါတယ်။

ဒီဇင်ဘာလ (၅)ရက်နေ့ မိတ်ဆက်ပွဲမှာ သရုပ်ဆောင် အောင်ရဲလင်း၊ ထက်ထက်ထွန်း၊ အဆိုတော် နီနီခင်ဇော် နှင့် Team 143 တို့က တက်ရောက်ခဲ့ပြီး ပရိသတ်များနဲ့ ရင်းရင်းနှီနှီး တွေ့ဆုံခဲ့သလို သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာရှိနေရပ်စွန့်ခွာတိမ်းရှောင်နေရသူများအား ကုလအရေး ပေါ်ရန်ပုံငွေမှ ဒေါ်လာ ၇ သန်း ထောက်ပံ့ပေးမည် ဟုဆို
Next post မန္တလေးတိုင်းဒေသကြီး၊ တောင်ပြုန်းကျေးရွာအုပ်စုတွင် ယနေ့နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွား