မင်္ဂလာလက်မှတ်‌ရေးထိုး တစ်နှစ်ပြည့် အမှတ်တရ စတုဒီသာ ကျွေးမွေးခဲ့သော ရွှေရည်သိန်းတန်တို့ဇနီးမောင်နှံ

ကိုအောင်မြတ် နှင့် မရွှေရည်သိန်းတန်တို့ မင်္ဂလာနှစ်ပတ်လည်နေ့ တစ်နှစ်ပြည့်အမှတ်တရအနေဖြင့် အရှေ့ဒဂုံဆိပ်ကမ်းမှာ ခက်ခဲနေကြတဲ့မိသားစုများအတွက် လူ ၅၀၀ စာစတုဒိသာလေးကျွေးခဲ့တယ်လို့ သိရှိရပါတယ်။

“ဒီနေ့ ၄.၁၂.၂၀၂၃နေ့လေးဟာရွှေရည်တို့ရဲ့လက်မှတ်ထိုးတဲ့အမှတ်တရနေ့လေးပါရှင်…ဆွမ်းကျွေးခဲ့တဲ့၂၃ .၁၁.၂၀၂၃ ရက်နေ့ က အလုပ်တွေများပြီးကုသိုလ်အများကြီးမလုပ်လိုက်ရလို ဒီနေ့ ညနေ ၄နာရီမှာအရှေ့ဒဂုံဆိပ်ကမ်းမှာ ခက်ခဲနေကြတဲ့ မိသားစုများအတွက် လူ ၅၀၀ စာစတုဒိသာလေးကျွေးပါမယ်ရှင်…. အပန်းမကြီးရင်လာခဲ့ကြဖို့ မအားလပ်ခဲ့ရင် သာဓုခေါ်ဖို့အသိပေးရင်းဖိတ်ကြားအပ်ပါတယ်အမျိုးတို့ရေ….”ဆိုပြီး သူ၏ လူမှုကွန်ယက်အကောင့်ကနေ ရေးသားဖော်ပြ ထားပါတယ်။

မင်္ဂလာတစ်နှစ်ပြည့်မှသည် ကိုအောင်မြတ်နှင့် မရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံ ပျော်ရွှင်စရာဘဝကိုယ်စီနှင့်အတူ ဇနီးမောင်နှံနှစ်ဦး ဖြတ်သန်းနိုင်ပါစေလို့ DBN ပရိသတ်ကြီးကိုယ်စား ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်းကို PDF အဖွဲ့များ ကျူးလွန်ကြောင်း အမေရိကန်အစိုးရထုတ်ပြန်
Next post နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် များစွာထိခိုက် နစ်နာနေဟု နစက ဥက္ကဋ္ဌ ပြောကြား