အစ္စရေးရောက် မြန်မာနိုင်ငံသား(၄)ဦးသည် အစိုးရ အစီအစဉ်ဖြင့် မိခင်နိုင်ငံသို ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိ

အစ္စရေးရောက် မြန်မာနိုင်ငံသား(၄)ဦးသည် အစိုးရအစီအစဉ်ဖြင့် မိခင်နိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း နစကမှ အောက်တို ဘာလ (၂၆)ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။

အစ္စရေးနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲကြုံတွေ့ရခြင်း၊ ဘေးဒုက္ခရောက်ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအတွက် နိုင်ငံတော်အစိုးရအစီအစဉ် ဖြင့် ကယ်ဆယ်ရေးလေယာဉ်စေလွှတ်ပေးမည်ဟု မြန်မာသံရုံးက ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အောက်တိုဘာလ (၂၅)ရက်တွင် အစ္စရေးရောက် မြန်မာများဖြစ်ကြသည့် မမိုးသီတာအောင် ၊ မခင်နှင်းအိ၊ ဒေါလမိုင်းမိုင်ရွာနှင့် ဦးအောင်ကျော်ဦး (၄)ဦးတို့ကို တဲလ်အဗီးမှ EI AI Airline LY 081 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရ ပါတယ်။

ထို့နောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချင်းရွှေဟော်-ဟိုပန်ကြား နမ်းဟူးဖောင်ဆိပ်တံတားအား အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီး
Next post ၂၀၂၃ ရဲ့ ဒုတိယဝင်ငွေအကောင်းဆုံး တမီလ်ရုပ်ရှင် ဖြစ်လာတဲ့ Thalapathy Vijay ရဲ့ ရုပ်ရှင်သစ် Leo