ကိုယ့်အတွက် Challenge ဖြစ်စေမယ့် ကာရိုက်တာကို ရိုက်ချင်တယ်ဆိုတဲ့ ယမင်းမေဦး

အလှမယ်ပြိုင်ပွဲတွေကတစ်ဆင့် အနုပညာလမ်းကြောင်းပေါ်ကို အသက် ၁၇ နှစ်ထဲက ဝင်ရောက်ခဲ့တဲ့ သရုပ်ဆောင် ယမင်းမေဦးကတော့ ရုပ်ကမိန်းကလေးအရမ်းဆန်တော့ နူးနူးညံ့ညံ့ နုနုရွရွ ကာရိုက်တာလေးတွေပဲ ကမ်းလှမ်းတာများကြတော့ ကိုယ့်အတွက် Challenge ဖြစ်စေမယ့် ကာရိုက်တာကို ရိုက်ချင်တယ်လို့ ဆိုပါတယ်။

“ယမင်းရဲ့ ရုပ်ကမိန်းကလေးအရမ်းဆန်တော့ နူးနူးညံ့ညံ့ နုနုရွရွ ကာရိုက်တာလေးတွေပဲ ကမ်းလှမ်းတာ များကြတယ်။ ယမင်းက မလုပ်ဖူးသေးတဲ့ ကာရိုက်တာ ကိုယ့်အတွက် Challenge ဖြစ်စေမယ့် ကာရိုက်တာကို ရိုက်ချင်တယ်။ယမင်း ပရိသတ်တွေကလည်း မြင်နေကျ ကာရိုက်တာထက် ကွဲထွက်တာလေး မြင်ချင်ကြတယ်လေ။ ခုက ကိုယ့်သဘောကျတဲ့ ကာရိုက်တာရော ဇာတ်လမ်းလေးပါ လက်ထဲရောက်လာလို့ လက်ခံဖြစ်တာပါ” လို့ သရုပ်ဆောင် ယမင်းမေဦးက ပြောပါတယ်။

ရခိုင်မလေးဖြစ်တဲ့ ယမင်းမေဦးဟာ စနှိုးဝှိုက် ထုတ်လုပ်ရေးနဲ့ ဗီဒီယို ဇာတ်ကားတွေကို စတင် ရိုက်ကူးခဲ့ပြီး ၃ နှစ်ကျော်လောက်နားခဲ့တာလည်းဖြစ်ပါတယ်။ သူ့ကို ကမ်းလှမ်းလာတဲ့ ကာရိုက်တာတော်တော် များများ ထပ်နေကြောင့် ဇာတ်လမ်းတွေ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ သူမက နိုဝင်ဘာမှာ ရှမ်းပြည်နယ် ချင်းမိုင်တို့ဘက်မှာ ဇာတ်လမ်းတွဲ တစ်ခုရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“ကာရိုက်တာလေးကလည်း ယမင်း လုပ်ဖူးချင်တဲ့ ကာရိုက်တာလေးပေါ့ ။ ဒါပေမယ့် ပထဦးဆုံး ဇာတ်လမ်းတွဲ Series လို့ မထင်ထားတဲ့ အရာလေးပါ။ ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်လမ်းပုံစံလေးလို့လည်း ယမင်းမျှော်လင့်ပါတယ်။ လက်ရှိက ယမင်းရဲ့ ကာရိုက်တာကို Official Produce မလုပ်ရသေးလို့ ထုတ်ပြောမရသေးတာပါ။ ပရိသတ်တွေ ယမင်းလိုအပ်ချက်လေးတွေ ရှိရင် ထောက်ပြပေးပါဦး”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်သူများ လုပ်ဆောင်ရန်လိုအပ် ဟု နစက ဥက္ကဋ္ဌ ပြောကြား
Next post ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပပြုလုပ်