လူ ၆၀၀ စာ ထမင်း၊ ဟင်း ကို မွေးနေ့အထိမ်းအမှတ် အဖြစ် လှူဒါန်းခဲ့တဲ့ အဆိုတော် ယွန်းမြတ်သူ

အဆိုတော် ယွန်းမြတ်သူရဲ့ ယနေ့ အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်တဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် လူအယောက် ၆၀၀ စာ ထမင်း၊ ဟင်း လှူဒါန်းခဲ့ပါတယ်။

သူမဟာ ယနေ့ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နွမ်းပါးသောမိသားစုတွေအတွက် ပေါ်ဆန်းထမင်း၊ ကြက်သားငပိချက်၊ အာလူးမဆလာသုပ်၊ တို့စရာနဲ့ ကြက်ရိုးချဥ်စပ်ဟင်းရည်တို့ကို လူအယောက် ၆၀၀ စာ ကို မွေးနေ့ရှင်ကိုယ်တိုင် လာရောက်လှူဒါန်းပေးခဲ့ပါတယ်။

“ယွန်းမွေးနေ့မှာ အမှတ်တရအဖြစ် မနက်ပိုင်းမှာ အလှူလေးတွေ လုပ်ဖြစ်ပါတယ်။ အလှူလေး လုပ်ရတာလည်း ပီတိလည်း ဖြစ်မိပါတယ်။ ညနေမှာ ပြုလုပ်မယ့် Show ပွဲအတွက်လည်း ရင်တွေခုန်နေပါတယ်” လို့ အဆိုတော်ယွန်းမြတ်သူက ပြောပါ တယ်။ ယွန်းမြတ်သူကတော့ Birthday Show ပွဲကို ယနေ့ ညနေ ၆ နာရီခွဲမှာ ရန်ကုန်မြို့ The Heart Of Rangoon မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နာမည်ကြီးအဆိုတော် ၅ ယောက်နဲ့အတူ Ushido&Insin စီစဉ်ခဲ့တဲ့ Beauty & Beyond ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်း ပွဲတော် ကျင်းပ
Next post NCA တက်လာသော တရုတ်နိုင်ငံခြားရေးဌာနနှင့်ထာဝရငြိမ်း ချမ်းရေးကိစ္စများအပြင်နယ်စပ်ကိစ္စ အွန်လိုင်းလောင်းကစား ကိစ္စများကိုပါ နစက ဥက္ကဋ္ဌ ဆွေးနွေး