သားကို လင်ကောင်းသားကောင်းဖြစ်အောင်ပျိုးထောင်မယ့် ချောရတနာ

သားအရွယ်ရောက်လာတဲ့အခါ သားကောင်းလင်ကောင်းဖြစ်အောင် ပျိုးထောင်မယ်လို့ ‘ လောင်’ ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုရရှိထားတဲ့ ချောရတနာက ပြောပါတယ်။

‘လောင်’ ဇာတ်ကားထဲက ဇာတ်ရုပ်နဲ့ပတ်သက်ပြီး ချောရတနာက ” အစ်မငယ်ငယ်တုန်းက တခုခုဆိုရင် စိတ်က အရမ်းအညှိုးကြီးတယ်။ ဒါပေမဲ့ အဲ့စိတ်ကို ထိန်းချုပ်ပြီး ဖြေတဲ့သူပေါ့။ အစ်မသာအဲ့နေရာမှာ ဆိုအဲ့လိုတွေလုပ်မိမလားဆိုပြီး ဖြစ်မိတယ်။ လုပ်ကောင်းလုပ်မိနိုင်တယ်။ ‘မိုးထိချေ’ က အမေလည်းဆုံးရှုံးရတယ်။ သမီးလည်းဆုံးရှုံးရတယ်။ သစ္စာဖောက်လည်းခံရတယ်။ ကိုယ့်ရဲ့စည်းစိမ်တွေကိုလည်း လိမ်လည်သွားတာခံရတယ်ဆိုတော့ အညှိုးကြီး ကောင်းကြီးနိုင်တယ်။ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူများကတစ်ခွန်း ကိုယ်ကတစ်ခွန်း ခိုက်ရန်ဒေါသဖြစ်တာ အမှန်ကမကောင်းပါဘူး။ လောင်တယ်လေ။ ရုပ်လည်းပူတယ်။ အစ်မကိုယ်တိုင် အဲ့ဒါတွေပြင်လိုက်တဲ့အခါကျတော့ အစ်မရဲ့ရုပ်လည်း ကြည်သွားတယ်ထင်ပါတယ်”လို့ဆိုပါတယ်။

ညီမဖြစ်သူ သန္တာဗိုကိုလည်း ကိုယ်တိုင်ရပ်တည်နိုင်ဖို့ အနောက်ကနေပံ့ပိုးပေးသလို သန္တာဗိုဆီကလည်း ပညာပြန်ယူရတဲ့အပိုင်းတွေရှိတယ်လို့ ပြောပါတယ်။ သရုပ်ဆောင်ပညာဟာ သင်တိုင်းမတတ် ပြောပြတိုင်း မသိတာတွေအများကြီးရှိတဲ့အတွက် ကိုယ်တိုင်ကြိုးစားလျှောက်နိုင်မှသာ ပိုပြီးအဆင်ပြေနိုင်မယ်လို့ ချောရတနာက မှတ်ချက်ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှု ရပ်တန့်သွားမယ်ဆိုပါက ယူကရိန်းဟာ တစ်ပတ်တောင်ခံမှာ မဟုတ်ဘူးလို့ ရုရှား သမ္မတ ပူတင်ပြော
Next post (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော် (Dragon Boat)ပြိုင်ပွဲမှ ကြေးတံဆိပ်(၁)ခုထပ်မံဆွတ်ခူးရရှိ