Sky Sports အစီအစဉ်တင်ဆက်သူဟောင်းနှင့် စေ့စပ်လိုက်သော ဘူဖွန်

ရင်သပ်ရှုမောဖွယ် တီဗီအစီအစဉ်တင်ဆက်သူ ဒီအေမီကို နှင့် ကမ္ဘာ့ဖလားဆုရှင် အီတလီအသင်းရဲ့ဝါရင့်ဂိုးသမားဟောင်းကြီး ဂီယန်လူဂီဘတ်ဖွန်တို့သည် ၂၀၁၄ ခုနှစ်ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၄င်းတို့ နှစ်ဦးသည် ၂၀၁၇ ခုနှစ် တွင် စေ့စပ်ပွဲလုပ်ဖို့ စီစဉ်ထားသောလည်း အီတလီဝါရင့်ကစားသမားကြီး ဘောလုံးကစားသမားဘဝက အနားမယူသေးတာ ကြောင့် စေ့စပ်ပွဲကို ရွှေ့ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဘူဖွန်ဟာ ပထမဇနီးဖြစ်သူ ချက်မော်ဒယ် ဆီရီဒိုဗာနဲ့ ၂၀၁၁ ခုနှစ်မှ (၃)နှစ်ကြာတွဲခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်က လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

အီတလီတင်ဆက်သူ Ilaria ကတော့ Sky Sports Italy တွင် အထူးသဖြင့် မီဒီယာလောကတွင် မစတင်မီ ရှေ့နေအလုပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူမသည် ၂၀၁၈ ခုနှစ်တွင် ရုပ်သံတင်ဆက်သူအဖြစ်မှ အနားယူခဲ့ တာ ဖြစ်ပါတယ်။ အနားယူပြီးနောက် What’s New ဟုခေါ်သော သူမ၏ကိုယ်ပိုင် talk show ကိုပင် ဆက်လက်လုပ်ကိုင်ခဲ့ သူ ဖြစ်ပါတယ်။

အသက် ၅၀ နှစ်အရွယ်ရှိပြီဖြစ်သည့် အစီအစဉ်တင်ဆက်သူသည် ၂၀၀၈ ခုနှစ်တွင် အီတလီဟာသဇာတ်ကားတွင် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့ဘူးသူလည်း ဖြစ်ပါတယ်။ ထို့ပြင် အိုင်လာရီယာသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဘူဖွန် ကလပ်မှ မထွက်ခွာမီ Amazon Prime ၏ All or Nothing တွင် ဘူဖွန်နှင့်အတူပင် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Taylor Swift တစ်ယောက် အချစ်သစ်တွေ့နေပြီလား
Next post Miss Grand International 2023 ပြိုင်ပွဲအတွက် ဗီယက်နမ်နိုင်ငံကို ထွက်ခွာပြီဖြစ်တဲ့ နီနီလင်းအိမ်