လားရှိုးက Denko ဆီဆိုင်ပေါက်ကွဲမှု  (၂)ဦး သေဆုံး၊ (၁၁)ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မယ်ဟန်အုပ်စု နမ့်ခိုက်ကျေးရွာ လားရှိုး-မန္တလေး ကားလမ်းမပေါ်ရှိ Denko စက်သုံးဆီဆိုင် တွင် စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးကာ လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးလူမှုကူညီရေးအသင်းမှ သိရပါသည်။

ဆီဆိုင်တွင် ဆီလာဖြည့်သော ဆိုင်ကယ်မှစတင်၍ ပေါက်ကွဲခြင်းဖြစ်ပြီး ဆီလာဖြည့်နေသော သစ္စာဟိန်းခရီးသည်တင်မှန်လုံ ကား(၁)စီး နှင့် Mini truck (၁)စီး တို့ပါ ပေါက်ကွဲမှုကြောင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပါတယ်။

ပေါက်ကွဲတဲ့နေရာ အနီးမှာရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးကတော့ ခရီးသည်တင်မှန်လုံယာဉ်နဲ့ တခြားယာဉ်ငယ်တွေ ဆီထည့်နေစဉ် ဆိုင်ကယ်နဲ့ ဗုံးလာထားသွားတာကနေ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းရှင် တွေဆီကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တောင်းခံတဲ့ ဆက်ကြေးငွေကိစ္စနဲ့ ဆက်စပ်နေတယ်လို့ မြို့ခံတွေက ယူဆနေကြပါတယ်။ ဒီပေါက်ကွဲမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို သက်ဆိုင်ရာက အတည်ပြုမှတ်ချက်ပေးနိုင်ခြင်း မရှိသေးပါ။

ဖြစ်စဉ် မီးလောင်ပေါက်ကွဲမှုကြောင့် အနီးအနားရှိ အမျိုးသား လူ ၂ ဦး သေဆုံးကာ အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာရသူ တို့အား လားရှိုးခရိုင်၊ လုံခြုံရေးအဖွဲ့ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ လူမှုကူညီရေးအသင်းများမှ ပူးပေါင်းကာ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသပေးလျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြာ
Next post ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်