နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြာ

 ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ (၂၇)နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ တွင်ဆုရရှိကြသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲတွင် ပထမဆုရရှိ သည့် ဦးအောင်မြတ်မင်း၊ ဒုတိယဆုရရှိသည့် ဦးမြင့်သန်း(ကျောက်ဆည်)နှင့် တတိယ ဆုရရှိသည့် ဦးကျော်ဇာမင်းတို့အား ဆုများပေးအပ်ချီးမြှင့်သည်။ ကောင်စီတွဲဖက်အတွင်းရေးမှူးက ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဆောင်းပါးနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများကို လည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုဆုများပေးအပ်ချီး မြှင့်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကာရိုက်တာ အသစ်အဆန်းလေးကို ရိုက်ရလို့ အရမ်းချဲ့လင့် ဖြစ်တယ်ဆိုတဲ့ မေမြင့်မိုရ်
Next post လားရှိုးက Denko ဆီဆိုင်ပေါက်ကွဲမှု  (၂)ဦး သေဆုံး၊ (၁၁)ဦး ဒဏ်ရာရ