ရေးမြို့နယ်ရှိ မြဝတီဘဏ်အား PDF အဖွဲ့က တိုက်ခိုက် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

စက်တင်ဘာလ (၂၆)ရက်နေ့ နေ့လည်ပိုင်းတွင် ရေးမြို့လယ် ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြဝတီဘဏ်အား PDF အဖွဲ့က လာရောက်ပစ်ခတ်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး နှင့် ဘဏ်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။

“ဖြစ်စဉ်မှာ ၂၀၂၃ စက် ၂၆ ၁၂၄၅ချိန်ခန့်တွင် ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ မြဝတီဘဏ်တွင် ခမလခရ တပ်ဖွဲ့ဝင်၅ဦး လုံခြုံရေးဆောင်ရွက်နေစဉ် ရန်မျိုးအောင်ရပ်ကွက်ဘက်မှလာသည့် အကြမ်းဖက်အဖွဲ့ စိစစ်ဆဲ မှ အမျိုးသား နှစ်ဦးသည် Wave-110 အပြာရောင် ဆိုင်ကယ်ဖြင့် ‌ရောက်ရှိလာပြီး အသင့်ပါလာသော သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်၍ ဘုရင့်နောင်လမ်းမကြီးအတိုင်း ရန်မျိုးအောင်ရပ်ကွက်ဘက်သို့ မောင်းနင်ထွက်ပြေးသွားကြောင်းနှင့် ဖြစ်စဉ်တွင် စစ်သည်၁ဦးမှန်ဒဏ်ရာများဖြင့် ဖြစ်စဉ်နေရာတွင် ကျဆုံး၊ ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာ (စိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း ကနဦးသတင်းအရ သိရှိရပါသည်။

အဆိုပါ ရေးမြို့ရှိ မြဝတီဘဏ် ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်အပေါ် PDF များဘက်ကလည်း သူတို့ တိုက်ခိုက်တာ ဟုတ်မှန်ကြောင်းကို ဗီဒီယိုမှတ်တမ်းနှင့်တကွ ရိုက်ကူးဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မေမေ မွေးနေ့အတွက် ဆုတောင်းစကား ဆိုလိုက်သော စံထိပ်ထားဦး
Next post TNLA အဖွဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ