ဇာတ်ဝင်ခန်းမှာ ကာရိုက်တာအတွက် သဘာဝကျအောင် ကြိုးစားခဲ့တာပါဆိုတဲ့ အေးချမ်းမောင်

ပရိသတ်တွေ အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် အေးချမ်းမောင်ကတော့ လတ်တလော မင်းသမီးပန်းရောင်ခြယ်နဲ့ ဇာတ်ဝင်ခန်းတစ်ခုကို Troll ခံရတဲ့အပေါ် ကျွန်တော်ကတော့ ကာရိုက်တာအတွက် စိတ်ထဲမှာ သေချာစီးမျောပြီး အတတ်နိုင်ဆုံး သဘာဝကျအောင် ကြိုးစားခဲ့တာပါလို့ ဆိုပါတယ်။

“လတ်တလော Troll ခံနေကြတဲ့အပေါ်မှာ ဘာပဲဖြစ်ဖြစ်အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ ထွေထွေထူးထူး အများကြီးတော့ မရှိပါဘူး။ ကျွန်တော်တို့ ဇာတ်လမ်းထဲမှာပါတဲ့အတိုင်းမှာ ညီမနဲ့သေချာညှိယူပြီး ရိုက်ကူးခဲ့ကြတာပါ။ ပန်းရောင်ခြယ်နဲ့က ဒီလိုပဲ အားလုံးကလျှောက်နောက်နေကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် စနေကြတာဆိုတော့ ဘာမှမပြောချင်ပါဘူး။ ကျွန်တော်ရဲ့ Fan တွေက ဘယ်လိုကာရိုက်တာပဲရိုက်ရိုက် လက်ခံကြပါတယ်။ အရင်တုန်းက ရိုက်ခဲ့တဲ့ ဇာတ်ကားလေး ဇာတ်ဝင်ခန်းတချို့ပြန်တက်လာတယ်”လို့ သရုပ်ဆောင် အေးချမ်းမောင်ကပြောပါတယ်။

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် On Sence ပေါ်မှာ မင်းသား မင်းသမီးသဘောတူတဲ့ ကာရိုက်တာတစ်ခုဖြစ်မှ ရိုက်ကူးနိုင်တာပါလို့ ဆိုပါတယ်။ နှစ်ယောက်သားက ကာရိုက်တာ ပီပြင်ဖို့အတွက်ပဲ အကောင်းဆုံးကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ အကယ်ဒမီခင်ဝင့်ဝါနဲ့အတူ “ချစ်သောနှင်းဆီ” ဇာတ်လမ်းတွဲတစ်ခုကို Mahar Application က ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အေးချမ်းမောင်က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဇာတ်လမ်းတွဲတွေ ရိုက်ကူးသွားမို့ ရှိတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post NCA (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပမည်
Next post မေမေ မွေးနေ့အတွက် ဆုတောင်းစကား ဆိုလိုက်သော စံထိပ်ထားဦး