ကိုနေတို သားလေးရဲ့ big fan ဆိုပြီး ပြောလာသော ဇာတ်ပို့ သရုပ်ဆောင် သူဇာပွင့်

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ ကျရာ ဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပြီး ကိုဗစ်ကာလ ရုပ်ရှင်ခေတ္တရပ်နားချိန်တွင် ကတ်ကြေးကိုက်ဆိုင်ဖွင့်ပြီး မိသားစု စားဝတ်နေရေး အတွက် လုပ်ကိုင်နေသော သူဇာပွင့်ဟာ ရုပ်ရှင်ဘက်ခြေလှမ်းပြန်လည် စတင်ချိန်မှာ သရုပ်ဆောင် နေတိုးရဲ့ သားလေး ဂုဏ်ရှိန်တိုး ချစ်စရာကောင်းပုံနှင့် ပတ်သက်ပြီး မီဒီယာများကို အခုလိုဖြေကြား လာပါတယ်။

“ခုက ဖေဖေ မဟုတ်တော့ဘူး သားဖြစ်သွားပြီ …ကိုနေတိုးသားလေးက အရမ်းချစ်ဖို့ကောင်းတယ်  မျက်လုံးက ကြာပါတာကို ကိုနေတိုး သားလေးက မျက်စိလေး အိုက်တင်လုပ်နေ‌သလိုပဲ မျက်လုံးက စကားပြောတတ်တယ် သူမှာလည်း ပါရမီပါ တယ်လို့ ဆရာကြီးလုပ်တာမဟုတ်ပေမယ့် အဲ့လို မြင်တယ် အဲ့ကြောင့်သူက အရမ်းချစ်ဖို့ကောင်းတယ် ..အရင်ကတော့ အဖေကို အားပေးခဲ့တယ် အခုတော့ သားဖြစ်သွားပြီလို့ “ ဖြေကြားလာပါတယ်။

ဆက်လက်ပြီး “ ကိုယ်တိုင်တော့ သားလေးကို မတွေ့ရသေးပေမယ့် ရိုက်ကူးရေး daily ပြန်ရိုက်ကူး တယ့်အချိန်မှာ ကိုနေတိုးနဲ့ ကိုနေတိုး ချစ်ချစ်လေးပဲ တွေ့ရသေးတာပေါ့နော် ကိုနေတိုးရဲ့ သားလေးကတော့ ကျွန်မက big fan ဆိုပြီး” သားလေး ဂုဏ်ရှိန်တိုးကို အားပေးနေပုံကို ပြောကြားလာပါတယ်။

DBN ပရိသတ်ကြီးတွေရော အဖေရော ၊ အမေရော ရဲ့‌ ချောတာတွေ အကုန်ယူထားတဲ့ သားလေး ဂုဏ်ရှိန်တိုးရဲ့ Big Fan တွေ ဖြစ်နေပီလားဆိုတာ မှတ်ချက်ပေး ဖော်ပြပေးကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီး (တာဝါ)အနီးတွင် ယနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့
Next post သရုပ်ဆောင် တိုင်ရွန် နှင့် ထက်ထက်ထွန်း တောင်ကြီးမြို့ စိန်နန်းတော် အထူးဈေးရောင်းပွဲတက်ရောက်