ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မှာ ကား လုသွားသူတွေကို ဖမ်းဆီးရမိ

ယနေ့ နံနက် ၆အချိန်ခန့်က ရှမ်းမြောက်ဒေသ၊ မူဆယ်မြို့၊ မန်ဝိန်းရပ်ကွက်၌ ၄ ယောက်ပါတဲ့ ဓါးမြအဖွဲ့ကို ရဲတပ်ဖွဲ့က လိုက်လံ ပစ်ခတ်ရှင်းလင်းရာ ဓါးပြအဖွဲ့ဝင် အသေ ၂ ယောက် ၊ အရှင် ၂ ယောက် ဖမ်းဆီးနိုင်ခဲ့ပြီး ၁ ဦး လွတ်မြောက် သွားကြောင်း သိရှိရပါတယ်။

” ဓားပြအဖွဲ့က မြို့ခံကားတစ်ခုကို ခိုးယူလာတာဖြစ်ပြီး ရဲတပ်ဖွဲ့က လိုက်ဖမ်းရင်း အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ် လို့” ဒေသခံ အမျိုးသမီး ၁ ဦး က ပြောပါတယ်။ ပစ်ခတ်မှုတွင် ဓါးပြအဖွဲ့ဝင် အသေ ၂ ယောက် ၊ အရှင် ၂ ယောက် ဖမ်းဆီးနိုင်ခဲ့ပြီး ၁ ဦး လွတ်မြောက် သွားကြောင်း သိရှိရပါတယ်။ အလားတူ ဓားပြအဖွဲ့ကို လိုက်ဖမ်းရင်း ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားလာပါတယ်။

ဒေသခံ အမျိုးသား ၁ ဦးက “ဟုတ်တယ်။ ရဲတယောက်က ရှေ့မှာ ပစ်နေချိန် ကားထဲကနေ ရဲ တယောက်က ထွက်လာပြီး နောက်ကနေ ပစ်လိုက်တာ သူ့သူငယ်ချင်းကို လက်မှာ ထိသွားတယ်။ သူခိုးက ၂ ယောက်သေသွားတယ်။ ၂ ယောက် ဖမ်းမိတယ်၊ မန့်ဝိန်း ၂ လမ်းမှာ လိုက်ဖမ်းရင်း မိခဲ့တာ”လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မူဆယ်မြို့မရဲစခန်းက ” ဒီဒေသမှာ လုယက်မှု ဓားပြမှုတွေ မကြာခဏ ဖြစ်တယ် ၊ အခုကိစ္စလည်း စစ်ဆေးနေဆဲဖြစ်တယ် “လို့ ပြောပါတယ်။

မူဆယ်မှာ တာဝန်ကျတဲ့ ရဲ ၁ ဦးကလည်း”ဖမ်းခံထားရသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ် စိစစ်နေဆဲပဲ၊ အခုမှ စိစစ်နေတုန်း ရှိပါသေးတယ်။” လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်ခရီးစဉ်ဒေသအား ကြည့်ရှုစစ်ဆေး
Next post လေးနှစ်တာတွဲလာသော ချစ်သူနဲ့ပြတ်သွားပြီးနောက် ချစ်ရသော သူတွေနဲ့ပျော်ရွှင်နေသော Vill