မိခင်ဖြစ်သူရဲ့မွေးနေ့မှာ ပျော်ရွှင်စွာကျင်းပနေသော ပြေတီဦးနဲ့ ငွေတီဦးတို့ မောင်နှမနှစ်ဦး

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ….. သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး နှင့် ညီမ ဖြစ်သူ ငွေတီဦး မောင်နှမဦးသည် မိခင်ဖြစ်သူမွေးနေ့မှာ မိခင်နှင့်အတူ ပျော်ရွှင်စွာကျင်းပနေသော ပုံရိပ်များကို ညီမ ဖြစ်သူ ငွေတီဦး လူမှုကွန်ယက်ကနေ အခုလိုမျှဝေလာပါတယ်။

“Happy Birthday ပါမေမေ..သမီးရဲ့ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း မှန်သမျှ က်ို  ထပ်တူဝေမျှခံစားပေးသော မေမေ သမီးကို သမီး ယုံကြည်တာထက် ပိုယုံကြည်ပေးသော သမီးကိုယ် သမီးချစ်နိုင်တာထက် ပိုချစ်ပေးသော..သမီးအတွက် အစစအရာရာမှာ အသင့်ဖြစ်နေတတ်သောမေမေ..မေမေမရှိရင်ဆိုတာ တွေးတောင်မတွေးရဲလောက်အောင်..အရမ်းချစ်ပါတယ်မေမေ” ဆိုပြီး မိခင်ကို အရမ်းချစ်တဲ့ အကြောင်း ရေးသားဖော်ပြထားပါတယ်။

“မွေးနေ့ကနေစပြီး အေးချမ်းတဲ့ပျော်ရွှင်ခြင်းနေနဲ့အတူ သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ လို့ ဆုတောင်းပေးပါတယ်မေမေ.. Love you so much and Happy Birthday” ဟုဆိုပြီး မွေးနေ့ဆုတောင်း စကားလည်း အခုလို ရေးသားဖော်ပြထားပါတယ်။

DBN ပရိသတ်ကြီးလည်း….သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးတို့သားအမိ မိခင်ဖြစ်သူ၏ မွေးနေ့ကို ပျော်ရွှင်စွာ ကျင်းပနေသော ပုံရိပ်များကို မြင်ပြီး ဝမ်းသာပီတိဖြစ်မည်ဟု ယုံကြည်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နှစ်နိုင်ငံနယ်စပ်က ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးတွေ အတွက် တရုတ်နိုင်ငံနဲ့ပူးပေါင်းသွားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန
Next post မန္တလေးယဉ်ကျေးမှုဇုန်အပါအဝင် ဇုန်သုံးဇုံတွင် ဝင်ကြေး တိုးကောက်မည်