Captain America မင်းသားနှင့် ၎င်း၏ သတိုးသမီးလောင်း တို့ လက်ထပ်ထိမ်းမြား

Chris Evans နဲ့ သူ့ရဲ့သတို့သမီးအသစ် Alba Baptista တို့ဟာ သူတို့ရဲ့လက်ထပ်ပွဲကို ဆင်နွှဲဖို့အတွက် သူ့ရဲ့ Boston ဧရိယာမှာရှိတဲ့ အိမ်မှာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ လက်ထပ်ထိမ်းမြားချိန် တွင် Captain America: The First Avenger ကြယ်ပွင့် ၄၂ နှစ်နှင့် ၎င်း၏ဇနီး ၂၆ နှစ် ရှိပြီ ဖြစ်ပါတယ်။

Chris Evans နဲ့ Alba Baptista တို့ရဲ့ မင်္ဂလာပွဲကို MCU သရုပ်ဆောင်တွေဖြစ်ကြတဲ့ Robert Downey Jr., Chris Hemsworth နဲ့ Jeremy Renner တို့လည်း တက်ရောက်ခဲ့​ကြကြောင်းလည်းသိရပါတယ်။ သို့ပေမယ့် Chris Evans နဲ့ Alba Baptista တို့ဘက်က​တော့ ၎င်းတို့ရဲ့လက်ထပ်ပွဲအကြောင်းကို တရားဝင်ကြေညာအတည်ပြုလာခြင်းမရှိသေးပါဘူး။

Chris Evans နဲ့ Alba Baptista တို့ တွဲနေကြကြောင်း ၂၀၂၂ နိုဝင်ဘာလမှာ ကောလာဟလတွေထွက်လာပေမယ့်လည်း ၂၀၂၃ ဇန်နဝါရီမှာ အတည်ပြုနိုင်ခဲ့ရာကနေ ယခုစက်တင်ဘာလမှာ လက်ထပ်သွားကြပြီဖြစ်ပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ လက်မထပ်ခင်ကာလမှာတော့ လူအများကြားမှာ တွဲသွားတွဲလာပြုလုပ်မှုနည်းပါးပြီး ၎င်းတို့ရဲ့ချစ်သူဘဝကို သိုသိုသိပ်သိပ်နဲ့ဖြတ်သန်းခဲ့သလို အိမ်ထောင်သည် ဘဝကိုလည်း လျှို့ဝှက်စွာနဲ့ပဲပြောင်းလဲခဲ့တယ်လို့ ပြောရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာသံအမတ်ကြီးမှ ရီရတ်ဒ်မြို့အခြေစိုက် ကာတာနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေး
Next post ဖောင်းပြင်မြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး(၅.၅) အဆင့်ရှိ မြေငလျင်လှုပ်ခတ်