(၁၉-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၉-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အ​မေရိကန်နှင့် တရုတ် နှစ်နိုင်ငံလုံးနှင့်ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ထိတွေ့ဆက်ဆံမည်ဖြစ်​ကြောင်း နစကဥက္ကဌ ​ပြောကြား

၂။ ဗန်းမော်မြိုတိုက်ပွဲ၌ တပ်မတော်ဘက်က စစ်ရေးချိန်ခွင်လျှာ အလေးသာလာ

၃။ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို

၄။ ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာတည် ဆောက်နေသည့် KBZ Center Mandalay အား KBZ Foundation နာယက ဦးအောင်ကို၀င်း သွားရောက်ကြည့်ရှု

၅။ အခွန်ပေးဆောင်ခြင်းမရှိသည့် ပြည်ပအလုပ်သမားအေဂျင်စီ (၂၀)ကျော်ကို လိုင်စင်ပယ်ဖျက်၍ အမည်မည်း စာရင်းရေးသွင်းသွားမည်

၆။ တပ်ကုန်းမြိုနယ် မကျီးပင်ကျေးရွာ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်နေ လူဦးရေ(၄၀၀)ခန့်ပြောင်းရွှေ့ပေးထားရ

၇။ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်ရေးအတွက်ပြည်ပမှစက်ပစ္စည်းများ မကြာမီရောက်ရှိမည်

၈။ မေလ ၁၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၅၀ ကျပ်၊ Octane 95 – ၂၈၀၅ ကျပ်၊ Diesel – ၂၃၂၀ ကျပ်၊ Premium Diesel – ၂၈၅၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ နယူးဇီလန်လွှတ်တော်တွင် ဟာကာ အကဖြင့် ဆန္ဒပြကောင်းသည့် မျိုးနွယ်စုအမတ်များ ဆိုင်းငံ့ခံရ

၂။ ဂါဇာကမ်းမြောင်ဒေသကို အင်အားအပြည့်ဖြင့်ဝင်ရောက်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ကတိပြု

၃။ ဂါဇာ-ပါလက်စတိုင်းတိုထံ တရုတ်က လေကြောင်းမှ ရိက္ခာချပေးနေကြောင်း ကမ္ဘာ့နိုင်ငံအချင်းချင်းကြား အထင်အမြင်လွှမှားစေသည့် သတင်းဗွီဒီယိုတု ပျံ့နှံနေ

၄။ ယနေ့ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတိုနှင့် စကားပြောမည်

၅။ လိင်ကိစ္စချိုး‌ဖောက်မှုများအား စုံစမ်းစစ်ဆေးမှုခံနေရသည့်အချိန်တွင် ICC ရှေ့နေချုပ် ယာယီအနားယူ

၆။ ဖင်လန်တွင် ရဟတ်ယာဉ်နှစ်စင်း တို-က်မိ၍ လူ ငါးဦး ‌ေ-သဆုံး

အားကစားသတင်းများ

၁။ ONE -109 ပွဲစဉ်၏ ဒုခေါင်တွဲဆိုင်းနေရာတွင် ထိုင်းဖိုက်တာဖြင့် ထိုးသ-တ်ရမည့် ရိုးရာဖိုက်တာ အဲမွီ

၂။ အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

၃။ ဆုဖလားလက်လွတ်ခဲ့ရပေမယ့် နောင်တရစရာမရှိဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော

၄။ ပဲလေ့အသင်း ချန်ပီယံဖြစ်မည်ဟု ထင်မှတ်မထားကြောင်း နည်းပြဂလက်နစ်နာပြော

၅။ အကောင်းဆုံးဆု ဆန်ခါတင်စာရင်းဝင်ခဲ့သဖြင့် ဘရန့်ဖိုဒ်ကစားသမား ဘမ်ဘူမို အံ့အားသင့်

အနုပညာသတင်းများ

၁။ ချစ်သူသက်တမ်း ၁၃ နှစ်‌ကာလမှာ သစ္စာရှိစွာနဲ့ ရွှေလက်တွဲ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်

၂။ ပွဲတစ်ခုလက်ခံပြီးရင်တော့ ကိုယ့်တာဝန်ကျေအောင်လုပ်ရတာမို လက်ဖမိုးနဲ့ လက်ဖဝါးလိုပေါ့ အမြင်တွေကအမျိုးမျိုးကွဲနိုင်ပါတယ် ဆိုတဲ့ ထက်ထက်ထွန်း

၃။ ကိုယ်တိုင်က ကလေးချစ်တတ်တော့ အမွှာလေးတွေလိုချင်တယ် ဆိုတဲ့ ပိုးမီ

၄။ ‘Deadline” world tour နဲ့ မြင်တွေ့ရဦးမယ့် BLACKPINK

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို
Next post မြန်မာဘောလုံးအကယ်ဒမီများသို့ တက်ရောက်ခွင့် ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းထုတ်ပြန်