(၂၉-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၉-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ တပ်မတော်တွင် နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု(တတိယနေ့) ဆက်လက်ဆောင်ရွက်

၂။ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဝေတဲ့အခါ သတ်မှတ်ထားတဲ့အချိန်အတိုင်း တိကျစွာရရှိရေး အတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားဖို လျှပ်စစ်စွမ်းအားဝန်ကြီး မှာကြား

၃။ ဘင်္ဂလားဒေ့ရှ် ဂျာမတ်-အီး-အစ္စလာမ်မီပါတီက ဘင်္ဂါလီအများစုနေထိုင်ရာဒေသကို လွတ်လပ်တဲ့ ရခိုင်ပြည်နယ်သစ်အဖြစ်ဖန်တီးသတ်မှတ်ရေး တရုတ်ကွန်မြူနစ်ပါတီ နှင့် အစည်းအဝေးတွင် အဆိုပြု

၄။ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုမရှိစေရေး ရှောင်တခင် စစ်ဆေးရေးအဖွဲများဖြင့် စဉ်ဆက်မပြတ် စစ်ဆေးသွားရန် လိုအပ်

၅။ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်သန်း၍ ရခိုင်ပြည်နယ်သို လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်တည်ဆောက်မည့် ကုလသမဂ္ဂ၏ အဆိုပြုမှုကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက မူအားဖြင့် သဘောတူ

၆။ ဆောက်လုပ်ရေးပစ္စည်းဆိုင်များ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်အသိပေး

၇။ ဝန်းသိုမြိုနယ်၌ အသက် ၄ လ သားအရွယ် ကလေးငယ်၊ ၁ နှစ် ၄လ အရွယ် ကလေးငယ် အပါအဝင် ကျား/မ (၇) ဦးကို အကြမ်းဖက် NLD ပါတီ အမတ်ဟောင်း အဖွဲမှ သတ်ဖြတ်

၈။ ဧပြီလ ၂၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၀၅ ကျပ်၊ Octane 95 – ၂၈၆၅ ကျပ်၊ Diesel – ၂၄၃၅ ကျပ်၊ Premium Diesel – ၃၀၁၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ကက်ရှ်မီးယားပြည်နယ်အရေးနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် ပါကစ္စတန်စစ်တပ်တို အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

၂။ တာဝန်သိသောနည်းဖြင့် ဖြေရှင်းကြရန် အိန္ဒိယနှင့်ပါကစ္စတန်ကို ‘ကန်’ တိုက်တွန်း

၃။ ၂၀၂၄ ၌ကမ္ဘာ့စစ်အသုံးစရိတ် ဒေါ်လာ၂ ဒဿမ ၇ ထရီလျံအထိစံချိန်တင်ခဲ့

၄။ Meta က Reality Labs ယူနစ်မှ ဝန်ထမ်း ၁၀၀ ကျော်ကို အလုပ်ထုတ်

၅။ တရုတ်က ကမ္ဘာ့အမြင့်ဆုံး တံတား ဆောက်လုပ်နေ

၆။ ပီကေဝါးခြင်းသည် ခန္ဓာကိုယ်ထဲသို ပလတ်စတစ်မှုန် ထောင်နဲ့ချီ ထွက်ရှိစေနိုင်

အားကစားသတင်းများ

၁။ အောင်ပွဲရ မြန်မာပြေးခုန်ပစ်အဖွဲ ရွှေတံဆိပ်ဆု (၄) ခု ပိုက်၍ အမိမြေသို ပြန်လည်ရောက်ရှိ

၂။ လီဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါးတို ဧပြီလ ၂၇ ရက်က ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ လီဗာပူးလ်ကစားသမားတွေနဲ့ ဝန်ထမ်းတွေက သူတိုရဲ့ပရိသတ်တွေရှေ့မှာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့

၃။ စပိန်ဘုရင့်ဖလားချန်ပီယံ ဘာစီလိုနာအသင်းရဲ့အောင်ပွဲခံပုံရိပ်များ

၄။ နော်တင်ဟမ်ကိုနိုင်ပြီး မန်စီးတီးအသင်း အက်ဖ်အေဖလား ဗိုလ်လုပွဲကို ၃ ကြိမ်ဆက် တက်ရောက်

၅။ အမျိုးသမီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ဒုတိယအကျော့)- ပထမအကျော့ ရှုးကြွေးကို ပြန်ဆပ်ပြီး အာဆင်နယ်တို ဖိုင်နယ်တက်

အနုပညာသတင်းများ

၁။ ကြိုမမြင်နိုင်တဲ့လောကကြီးမှာ ကျွန်တော်တို အကောင်းဆုံးနဲ့ ကိုယ့်ရဲ့ ဒီဘဝကူးကောင်းဖိုအတွက် ကုသိုလ်ကောင်းမှုတွေနဲ့ ဘာသာရေးတွေပိုလုပ်ရမယ်ဆိုတဲ့ ဟိန်းရတု

၂။ မွေးနေ့မှာ ချစ်သူကောင်မလေးက Surprise လေးလုပ်ပေးလို ပီတိဖြစ် ပျော်ရွှင်ခဲ့တဲ့ ညီထွဋ်ခေါင်

၃။ ချစ်သူသက်တမ်း ၄ နှစ်မှာ လက်ထပ်ထိပ်မြားမင်္ဂလာပွဲ ကျင်းပခဲ့တဲ့ အဆိုတော်နီလန်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်နှင့် မန္တလေးတွင် လေတိုက်ပြီးမိုးရွာသွန်းကာ သစ်ပင်လဲကျမှုများဖြစ်
Next post ဗြောသံ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးမိသားစုရဲ့ ရှင်ပြုအလှုတော် မင်္ဂလာအခမ်းအနား ကျင်းပ