အသက်၄၀ ကျော်မှ ချစ်သူနဲ့လက်တွဲခဲ့ပြီး ချစ်စရာသားဦးလေးကို အဆင်ပြေစွာမွေးဖွားခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် သူဇာပွင့်

ဇာတ်ပို့ သရုပ်ဆောင် သူဇာပွင့်ကတော့ အသက် ၄၀ ကျော်မှ ချစ်သူနဲ့လက်တွဲခဲ့ပြီး ချစ်စရာသားဦးလေးကို အဆင်ပြေစွာမွေးဖွားခဲ့တယ် ဆိုပါတယ်။

“သားသားလေးကို အဆင်ပြေစွာ ခုပဲမွေးဖွားပါပြီ။ ဆရာ ဦးမြင့်စိုး ဘုန်းရတနာကလေး အထူးကုက ဆရာချမ်းငြိမ်းဦး၊ ဆရာကျော်ဖြိုးဦးနဲ့ ဘုန်းရတနာမိသားစုအားလုံး ကျေးဇူးတင်ပါတယ်။ ရင်ဘတ်ထဲက အနုပညာမိသားစုအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ ကြိုဆိုပါတယ် သားသားရေ။ ချစ်တယ်နော်”လို့ ဇာတ်ပို့သရုပ်ဆောင် သူဇာပွင့်က ပရိသတ်သိအောင် ပြောပါတယ်။

သူမကတော့ ချစ်သူဖြစ်တဲ့သူ ကိုမျိုးကျော်ဌေးနဲ့ နားလည်မှုတွေပေးပြီး ၈ နှစ်ကြာမှ ရွှေလက်တွဲခဲ့တာပါ။ ချစ်သူနဲ့ သူဇာပွင့်တို့ရဲ့ ချစ်စရာသားဦးလေးကို ဧပြီလ ၂၅ ရက် နံနက်ပိုင်းက အောင် မြင်စွာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမဟာ ကိုမျိုးကျော်ဌေးနဲ့ မင်္ဂလာပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ မင်းကွန်းတိပိဋက ငွေရတုခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် တပ်မတော်အတွက် စစ်လက်နက်ပစ္စည်း အမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Next post (၂၈-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်