
(၂၆-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၆-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌ ကြည့်ရှု
၂။ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကို ရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လို
၃။ အလင်းဝင်လာသော PDF အဖွဲဝင် ၃၂ ဦးအား မိဘများထံ ပြန်လည်အပ်နှံ
၄။ ဘိလပ်မြေ ရောင်းချသည့် ဆိုင်ပေါင်း ၃၂၀ ကို စစ်ဆေး၊ အဆမတန် အမြတ်တင်ရောင်းသည့် ၆၂ ဆိုင်နှင့် ဘိလပ်မြေအတုရောင်းချသည့်ဆိုင်ကို အရေးယူ
၅။ NUG အုပ်စုမှ နေပြည်တော်မှာ WFP အဟာရဖြည့် ဘီစကွတ်မုန့်များ ရောင်းချနေကြောင်း သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း UN Myanmar ရှင်းလင်း
၆။ ရေဖြူမြိုနယ်ရှိ သံကူကွန်ကရစ် ဘေလီတံတားကို အကြမ်းဖက် PDF အဖွဲဝင်များက မီးရှိဖျက်ဆီး
၇။ ဗိုလ်မှူးပိုင်သည့်ကားကို မောင်းနှင်လာသည်ဆိုသော ပြည်သူ့စစ်ခေါင်းဆောင်နှင့် အမျိုးသမီးကို PGF အဖွဲက သတ်ဖြတ်လိုက်ပြီး ကားနှင့် ပါသမျှပစ္စည်း အကုန်လုယက် သိမ်းဆည်း
၈။ ဧပြီလ ၂၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၀၅ ကျပ်၊ Octane 95 – ၂၈၆၅ ကျပ်၊ Diesel – ၂၄၃၅ ကျပ်၊ Premium Diesel – ၃၀၁၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ICC က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတအနေနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ စျာပနကို တက်ရောက်မယ်ဆိုလည်း အီတလီနိုင်ငံက ဖမ်းဆီးမှာမဟုတ်ဟုဆို
၂။ ကမ္ဘာ့ ပထမဆုံး သိုရီယမ်နျူကလီးယားဓာတ်ပေါင်းဖိုကို တရုတ်နိုင်ငံတွင် အောင်မြင်စွာ လည်ပတ်နိုင်ခဲ့
၃။ ထိုင်းနိုင်ငံတွင် လေထီးခုန်သင်တန်းအတွက် လေ့ကျင့်ပျံသန်းနေသည့် ရဲတပ်ဖွဲ လေယာဉ်ပျက်ကျရာက လိုက်ပါလာသည့် ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲဝင်ခြောက်ဦးစလုံး သေဆုံးမှု ယနေ့ဖြစ်ပွား
၄။ အနောက်နိုင်ငံများ၏ တိုက်ခိုက်မှုကို ခံရမည်ဆိုပါက ရုရှားသည် နျူကလီးယားလက်နက်များ အသုံးပြုခွင့်ရှိကြောင်း ရုရှား၏ လုံခြုံရေးကောင်စီအကြီးအကဲ ပြောကြား
၅။ ကမ္ဘောဒီးယားမှအပြန် ထိုင်းဝန်ကြီးချုပ်ဆေးရုံတင်လိုက်ရ
၆။ ကက်ရှ်မီးယားတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အိန္ဒိယက ပါကစ္စတန်ကို သံတမန်ရေးစီမံချက်များဖြင့် ပြန်လည်တုံပြန်
အားကစားသတင်းများ
၁။ စင်္ကာပူ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲမှ ရွှေတံဆိပ်လေးခုဆွတ်ခူးရရှိ
၂။ မြန်မာယူ-၂၀ လိဂ် ဂိုးသွင်းဘုရင် စိုင်းဇေယျာကျော် အား YRFC အသင်း သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူ
၃။ မြန်မာ့လက်ရွေးစင် ယူ -၂၂ အသင်း ကွင်းလယ်လူ အာကာကျော်ကို ရန်ကုန်ယူနိုက်တက်အသင်း (၂)နှစ်စာချုပ်ဖြင့်ခေါ်ယူ
၄။ ရာသီကုန်မှာ လက်စတာနဲ့ လမ်းခွဲတော့မယ့် ‘အကြီးကျယ် အခမ်းနားဆုံး’ ဗာဒီ
၅။ ရော်နယ်လ်ဒိုရဲ့ ဗယ်လ်လာဒိုလစ် လာလီဂါကနေ တန်းဆင်း
အနုပညာသတင်းများ
၁။ ညိုမင်းလွင်က ကြည့်မရဘူးလို ပွင့်ပွင့်လင်းလင်းနဲ့ သတ္တိရှိရှိပြောတာ ပြဿနာမရှိပါဘူးဆိုတဲ့ ထွန်းထွန်း
၂။ မိသားစုဒရာမာ ဇာတ်လမ်းပုံစံ “ကံဆက်ကန်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကျင်းပ
၃။ ပရိသတ်နဲ့မိတ်ဆွေတွေက ကိုယ်သရုပ်ဆောင်ထားတာ Surprise တကယ်ဖြစ်သွားလိုလည်း ပျော်ပါတယ်ဆိုတဲ့ ယွန်းမြတ်သူ
၄။ FOE ပြိုင်ပွဲမှာ မိန်းကလေးဖြစ်လို အားနည်းချက်ကြီးတစ်ခုလို မသတ်မှတ်ဘဲ Challenge တိုင်း အဆင်ပြေအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ နေနွယ်ဇင်လင်း