
(၂၀-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၀-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်များကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် အာဆီယံအဖွဲအနေဖြင့် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပေးမည်ဟု ပြောကြားခဲ့ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
၂။ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ စားရေးအတွက် စီစဥ်ပေးထားသလို ယာယီနေထိုင်မည့်နေရာများကိုလည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်
၃။ လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်နိုင်
၄။ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၇၈ ဦးကို ထပ်မံဖမ်းမိ
၅။ (၄) နှစ်ကျော်အတွင်း အကြမ်းဖက်သတ်ဖြတ်ခံရသူ (၇၀ဝဝ) နီးပါးရှိခဲ့
၆။ နေပြည်တော် – မကွေးလမ်းပိုင်း တစ်နေရာတွင် PLA လက်နက်ကိုင်အဖွဲ က လမ်းပေါ်တက်ကာ အစိုးရ ဝန်ထမ်း များ ပါ၊ မပါ စစ်ဆေးခဲ့ဟုဆို
၇။ တပ်မတော်အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး KNU/KNLA နဲ့ PDF တွေ ထိုးစစ်ဆင် စစ်ရှိန်မြှင့်နေတဲ့ ကော့ကရိတ်ခွင်မှာ အနည်းဆုံး PDF ၁၂ ယောက်သေ
၈။ ဧပြီလ ၁၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၄၀ ကျပ်၊ Octane 95 – ၂၈၀၀ ကျပ်၊ Diesel – ၂၃၉၀ ကျပ်၊ Premium Diesel – ၂၉၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဒီအာကွန်ဂိုနိုင်ငံတွင် လောင်စာတင်သင်္ဘောတစ်စင်း မီးလောင်ပြီး လူ ၁၄၀ ကျော် သေဆုံး
၂။ ခရီးသည်တင် လေယာဉ်ငယ်တစ်စီးကို ပြန်ပေးဆွဲသည့် အမေရိကန်နိုင်ငံသားကို ခရီးသည်တစ်ဦးက သေနတ်ဖြင့်ပစ်သတ်
၃။ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် တိုးတက်မှုမရလျှင် အမေရိကန်က ဤကြိုးပမ်းမှုမှ စွန့်ခွာမည်ဟု အမေရိကန်သမ္မတနှင့် နိုင်ငံခြားရးဝန်ကြီးတို ပြောကြား
၄။ ဆီးရီးယားကနေ တပ်ဖွဲဝင်တွေရုတ်သိမ်းမှုကို အမေရိကန်အစိုးရ စတင်
၅။ ယူကရိန်းစစ်ပွဲအတွင်း ဘယ်ပါတီကိုမှ သေစေလောက်တဲ့လက်နက်တွေ ထောက်ပံ့ပေးတာမျိုး မရှိခဲ့ဘူးလို တရုတ်အစိုးရပြော
၆။ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲရဲ့ တိုက်ခိုက်မှုတွေကို တရုတ်ဂြိုဟ်တုကုမ္ပဏီတစ်ခုက ထောက်ပံ့မှုတွေ လုပ်ဆောင်နေဟု အမေရိကန်အစိုးရပြော
အားကစားသတင်းများ
၁။ ငလျင်ဘေးကူညီရန် ကျင်းပပြုလုပ်မည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့
၂။ ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်
၃။ အိမ်ကွင်းမှာ ဆဲတာဗီဂိုကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဘာစီလိုနာ
၄။ အရေးကြုံလာတဲ့အချိန် မဖြစ်မနေ အနိုင်သုံးမှတ်ကို အဲဗာတန်ရဲ့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူသွားတဲ့ မန်စီးတီး
၅။ အိမ်ကွင်းမှာ တန်းဆင်းဇုန်က ဆောက်သမ်တန်ကို အနိုင်မယူနိုင်တဲ့ ဝက်စ်ဟမ်း
အနုပညာသတင်းများ
၁။ ငလျင်ဘေးအလှူအဖြစ် ငွေသားသီးသန့် သိန်းခုနစ်သောင်းနဲ့ ပစ္စည်းတန်ဖိုး သိန်း ငါးထောင်ဖိုးဝန်းကျင်ကို လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ
၂။ နေ့မြင်ညပျောက်ကာလမှာ ကိုယ့်နားမှာ ရှိတဲ့သူတွေကို တန်ဖိုးထားပြီး ချစ်ချစ်ခင်ခင် အမုန်းမရှိဘဲ အပြုံးလေးနဲ့ ဆက်ဆံကြရမယ်ဆိုတဲ့ သံဝေဂတွေရတယ် ဆိုတဲ့ ဘေဘီမောင်
၃။ အနုပညာသမားတွေက ဒီဒါရိုက်တာကြီး အလုပ်ရှိချိန်မှာသာ ဂါဝရပြုဆက်ဆံကြတာ၊ အလုပ်မရှိတော့ရင် ဖုန်းဆက်ရင်တောင် မအားဘူးလိုငြင်းခဲ့ရတာ ဆိုတဲ့ ဝေလု
News
mmdbn
https://t.me/dbnchannel
https://mmdbnchannel.com/
https://www.youtube.com/channel/UCygyxM7xitDFttIJUfVToLw