ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လမ်း ၊ တံတား ၊ တာတမံ နှင့်ပတ်သက်၍ ဆွေးနွေး

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့ပြီးနောက် ရထားလမ်း၊ ကားလမ်းများပေါ်ရှိ တံတားများကြံ့ခိုင်မှုရှိစေရေးအတွက် ဆက်လက်စစ်ဆေးမှုများပြုလုပ်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၈ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ပြောကြားခဲ့သည်။

ရထားလမ်းများကို ပြုပြင်ရေးအတွက် အသေးစိတ်ဆောင်ရွက်ရန်၊ တံတားအတက်အဆင်းများချောမွေ့ပြေပြစ်စေရန် ၊ လမ်းများအလိုက်သတ်မှတ် မိုင်နှုန်းများအတိုင်းချောမွေ့စွာ မောင်းနှင်နိုင်ရန်တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် ဆည်မြောင်းတာတမံများ၊ ရေမြောင်းများပျက်စီးမှုရှိ/မရှိ၊ ငလျင်လှုပ်ခတ်မှုကြောင့် အချို့နေရာဒေသများတွင် ရေခမ်းခြောက်မှုများဖြစ်ပေါ်ခဲ့သကဲ့သို့ အချို့နေရာများတွင် ရေများထွက်ရှိမှုများဖြစ်ပေါ်မှုများရှိခဲ့သည်တို့ကို စစ်ဆေးရန် မှာကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၄-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ