
(၁၂-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၂-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ အဆောက်အဦ၊ လမ်းတံတားများကိုလည်း မူလထက်ပိုကောင်းအောင် ပြန်လည်တည်ဆောက်မည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
၂။ ကနဦး ယွမ်သန်း ၁၀၀ သာ ကူညီမည့် ကြေညာထားသည့် တရုတ်နိုင်ငံက ဆယ်ဆတိုးကာ ယွမ် ၁ ဘီလျံ ထပ်မံ ကူညီမည် ဆုံးဖြတ်
၃။ ကိုရီးယားနိုင်ငံရှိ စေတနာရှင် ၃ ဦးက မြန်မာ့ငလျင်ဘေးသင့်သူတွေအတွက် ဝမ်၂၁ သန်းကျော် ထပ်မံလှူဒါန်း
၄။ သထုံ-မြိုင်ကလေးလမ်းပိုင်း၊ မော်လမြိုင်-ရေးလမ်းပိုင်းနှင့် ပျဉ်းမနား – တောင်တွင်းကြီး – ပျဉ်းမနားလမ်းပိုင်းတွင် ရထားများ ပြန်လည်ပြေးဆွဲမည်
၅။ နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများနှင့် ဆေးဝါးများ ထပ်မံရောက်ရှိ
၆။ မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ (၆) သောင်းကျော်နှင့်အတူ အခြားအခြေခံအဆောက်အအုံများစွာ ပျက်စီးဆုံးရှုး
၇။ MNDAA အဖွဲက လားရှိးမြိုတွင် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု ကျူးလွန်မှုဖြင့် အမျိုးသားနှစ်ဦးကို ထောင်ဒဏ်နှင့် အမျိုးသားခြောက်ဦးကို သေဒဏ်စီရင်
၈။ ဧပြီလ ၁၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၂၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၁၀ ကျပ်၊ Octane 92 – ၃၀၅၀ ကျပ်၊ Octane 95 – ၃၁၁၀ ကျပ်၊ Diesel – ၂၅၉၀ ကျပ်၊ Premium Diesel – ၃၂၀၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ နျူကလီးယားအရေး ဆွေးနွေးရာတွင် သဘောတူညီမှုမရပါက အီရန်ကို စစ်ရေးအရအရေးယူမှုသည် လုံးဝဖြစ်လာနိုင်စရာရှိသည်ဟု အမေရိကန်သမ္မတက သတိပေး
၂။ စင်ကာပူ ST Engineering က ထိုင်ဝမ် Taichung MRT blue line အတွက် ဒေါ်လာ ၁.၄ ဘီလျံတန် စာချုပ် ရရှိထား
၃။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် ယူကရိန်းရဲ့တိုက်ခိုက်မှုတွေ တိုးမြင့်လာတယ်လို ရုရှားအစိုးရပြော
၄။ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို အမြန်ဆုံးလုပ်ဆောင်လိုတယ်လို အိန္ဒိယအစိုးရပြော
၅။ ကမ္ဘာလှည့်ခရီးသွားရဟတ်ယာဉ် နယူးယော့ခ်မြို၊ ဟတ်ဆန်မြစ်အတွင်းပျက်ကျ၍ လူခြောက်ဦး သေဆုံး
၆။ မြောက်ကိုရီးယားကို နျူကလီးယားဖျက်သိမ်းမည့်အကြံအစည်သည် မဖြစ်နိုင်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်၏ ညီမဖြစ်သူ ပြောကြား
အားကစားသတင်းများ
၁။ ငလျင်ဘေးဒဏ်ခံစားရသည့် မြန်မာပြည်သူပြည်သားများအတွက် ကမ္ဘာ့ဘောလုံးအဖွဲချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနို၏ အားပေးစကား
၂။ အင်တာမိုင်ယာမီနှင့် တနှစ်သက်တမ်းတိုးရန် မက်ဆီသဘောတူ
၃။ မက်ဆီ၏ ချန်ပီယံလိဂ်သွင်းဂိုး ပါဝင်ပတ်သက်မှု စံချိန်ကို ရာဖင်ညာလိုက်မီ
၄။ ပရီးမီးယားလိဂ်နောက်ဆုံးပွဲပြီး မလေးရှားနှင့် ဟောင်ကောင်ကို မန်ယူအသင်းသွားမည်
၅။ ဝုဗ်တိုက်စစ်မှူး ကူညာကို ပေါင်သန်း ၆၀ ကျော်ဖြင့် နယူးကာဆယ် ကမ်းလှမ်းမည်
အနုပညာသတင်းများ
၁။ မွေးနေ့လက ၄ လပိုင်းဆိုတော့ ကလေးတုန်းက နယ်ကအုန်းလက်သင်္ကြန်လေးကို သတိရတယ် ဆိုတဲ့ သံသာညီ
၂။ ငလျင်ဘေးကြောင့် ပြိုကျတဲ့ အင်းလေးဒေသအတွက် အိမ်တစ်လုံးစာအလှူငွေရဖို လီဗာပူးဖန်အဖြစ်ကနေ တစ်နှစ်အသင်းပြောင်းလဲအားပေးမှုအတွက် ကိုယ့်ကိုယ်ကိုယ် လေလံတင်ပြီး ကျပ်သိန်း ၅၀ ရှာဖွေနေတဲ့ ကျော်ကျော်ဗို
၃။ “သူတော် တစ္ဆေ” ရုပ်ရှင်ဇာတ်ကားပြသလို ရရှိလာတဲ့ အမြတ်ငွေ ၁၀၀ ရာခိုင်နှုန်း အားလုံးကို ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းသွားမယ့် Family Show ပွဲကျင်းပ