
(၉-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၉-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း အတွင်းရှိ အားကစားရုံများကို နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
၂။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိငလျင်ဒဏ်သင့်နေရာများသို နစက ဒုဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြား
၃။ မြန်မာပြည်သူ၊ တပ်မတော်နှင့် အစိုးရကို လေးစားကြောင်းနှင့် အကျိုးစီးပွားအတွက် အသုံးချခံခဲ့ရကြောင်း Kiran Verma ဖွင့်ဟ တောင်းပန်လာ
၄။ KIA၊ TNLA၊ AA နှင့် KNDF/KNPP အဖွဲများက တပ်မတော်ဌာနချုပ်၊ သစ်တောရုံး လုံခြုံရေးစခန်းများအပြင် လုံခြုံရေးယူနေသည့် စစ်ရေယာဉ်များကိုပါ ပစ်ခတ်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား
၅။ မြန်မာ့ငလျင်ဘေး ကယ်ဆယ်ရေးအတွက် ယူရို ၁၀ သန်း ထပ်ဆောင်း ပံ့ပိုးပေးမည်ဟု ဥရောပကော်မရှင်ကြေညာ
၆။ မလေးရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတိုမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ရောက်ရှိ
၇။ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုရန် UEC ထံ လျှောက်ထား
၈။ ဧပြီလ ၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၁၀ ကျပ်၊ Octane 92 – ၃၀၀၀ ကျပ်၊ Octane 95 – ၃၀၅၀ ကျပ်၊ Diesel – ၂၅၈၀ ကျပ်၊ Premium Diesel – ၃၁၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အင်ဒိုနီးရှားနိုင်ငံ အာချေပြည်နယ်တွင် ရစ်ခ်တာစကေး၅.၉ ငလျင်လှုပ်
၂။ ပြင်သစ်နိုင်ငံ၊ ပါရီမြိုရှိ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုနိုင်ရေး ထုတ်လုပ်စက်ရုံတစ်ခုတွင် ကြီးမားလှသည့် မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွား
၃။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကို အမေရိကန်၏ ငွေကြေးထောက်ပံ့မှုများ ထရမ့်ရပ်ဆိုင်း
၄။ တောင်ကိုးရီးယားသမ္မတ ရွေးကောက်ပွဲ ဇွန်လ ၃ ရက်နေ့တွင် ကျင်းပမည်
၅။ ငလျင်အပြီးထိုင်းကွန်ဒိုဈေးကွက် လှုပ်ခတ်လာ
၆။ ဉာဏ်ရည်တု ဆရာဝန် အေအိုင်ဒေါက်တာ များလာ
အားကစားသတင်းများ
၁။ လာမယ့် ဧပြီလ(၁၈)ရက်နေ့ ထိုင်းနိုင်ငံမှာကျင်းပမယ့် One Lumpinee 105 ပြိုင်ပွဲမှာ မြန်မာလက်ဝှေ့ကစားသမား သန့်ဇင်နဲ့ ထိုင်း မွေထိုင်းကစားသမား ပက်ဆူခွန်ဗစ်တိုထိုးသတ်မယ့်ပွဲ
၂။ အမေရိကန်ရေခဲပြင်ဟော်ကီလိဂ်ကစားသမားဖြစ်သူ ရုရှားနိုင်ငံသား အလက်ဇန်းဒါးအိုဗက်ရှ်ကင် ဟာ ၃၁ နှစ်ကြာ NHL ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ဝိန်း ဂရစ်ဇီ တင်ထားတဲ့ ၈၉၄ ဂိုးဆိုတဲ့စံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်
၃။ မိုင်ယာမီမှာကျင်းပခဲ့တဲ့ LIV စီးရီးဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဩစတေးလျနိုင်ငံသား မက် လေရှ့မန်း က LIV ရဲ့ တစ်ဦးချင်းအမျိုးအစားမှာ ပထမဆုံးအကြိမ်ဗိုလ်စွဲခဲ့
၄။ မိုင်ယာမီ မာလင်း နဲ့ အတ္တလန်တာ ဘရေဗ့် အသင်းတိုရဲ့ မေဂျာလိဂ်ဘေစ့်ဘောပွဲစဉ်အတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ယှဉ်ပြိုင်နေစဉ်အတွင်းပွဲကိုဖျက်သိမ်း
၅။ မြောက်ကိုရီးယားနိုင်ငံမှာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကို မြိုတော်ပြုံယမ်းမှာ ကျင်းပခဲ့
အနုပညာသတင်းများ
၁။ ဧပြီ ၁၀ ရက်မှာ ကျင်းပမယ့် Sai Sai Live in Yangon Birthday Show ပွဲကို ရပ်ဆိုင်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိင်
၂။ မန္တလေးဆေးရုံကြီးရှိ ငလျင်ဘေးသင့်ပြည်သူတွေကို ငွေကြေးတချိုလှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့တဲ့ အိန္ဒြာကျော်ဇင်တို ဇနီးမောင်နှံ
၃။ မန္တလေးမှာ မင်းသားဝင်းနောင်ရဲ့ မိုးလုံလေလုံဇာတ်ခုံကြီးကို ငလျင်ဘေးသင့်ပြည်သူတွေအတွက် ကုသိုလ်ပြု ဆောက်လုပ်ပေးခဲ့သလို မင်းသားဖိုးချစ်ကလည်း အနုပညာချွေးနည်းစာနဲ့ လှူဒါန်းမှုတွေလုပ်ဆောင်ခဲ့