(၅-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၅-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ လွှတ်တော်များအတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေးအတွက် ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌပြော
၂။ လာမည့် ဖေဖော်ဝါရီ (၇) ရက်နှင့် (၈) ရက်တိုတွင် မြူဆိုင်းနိုင်သောကြောင့် လေကြောင်း၊ သင်္ဘောနှင့် အမြန်လမ်းပေါ်မှ ခရီးသွားယာဉ်များ သတိထားကြရန် လိုအပ်ဟုဆို
၃။ ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာလုပ်သား တစ်ထောင်ကျော် ခေါ်ယူမည်
၄။ ထိုင်းနိုင်ငံဘက်မှ မြန်မာဘက်သို ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အား စတင်ဖြတ်တောက်မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ပြောကြား
၅။ မုံရွာမြိုတွင် တရားမဝင် စက်သုံးဆီဒီဇယ်ဆီ(ချက်ဆီ) ၇၃ ပီပါ ဖမ်းဆီးရမိ
၆။ ဗန်းမောက်မြိုနယ်ရှိ ဒေသခံ ရှမ်းနီရွာသူရွာသား (၇၀၀) နီးပါးကို KIA က လူသားတံတိုင်းအဖြစ် ဖမ်းဆီး
၇။ AA အကြမ်းဖက်သောင်းကျန်းသူတွေဆီကိုပိုဆောင်မယ့် ဆေးဝါးတွေကို အောင်လံမှာဖမ်းမိတယ်လိုဆို
၈။ ဖေဖော်ဝါရီလ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၈၀ ကျပ်၊ Octane 95 – ၃၂၆၀ ကျပ်၊ Diesel – ၂၈၂၀ ကျပ်၊ Premium Diesel – ၃၄၈၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ယူကရိန်းကို ကူညီမယ့် ဒေါ်လာ ဘီလျံ ၂၀၀ ဘယ်ရောက်သွားတယ်ဆိုတာ မသိကြောင်း ဇီလန်စကီးပြော
၂။ ၂၀၂၅ ခုနှစ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝင်ငွေ ဘတ်ငွေ ၃.၅ ထရီလီယန်ရရှိရေး ထိုင်းနိုင်ငံရည်မှန်းချက်ချမှတ်
၃။ ဆိုက်ဘာလေ့ကျင့်သင်ကြားမှုနဲ့ ကျွမ်းကျင်သူစုဆောင်းရေး အင်ဒိုနီးရှားတပ်မတော် အရှိန်မြှင့်ဆောင်ရွက်
၄။ အမေရိကန်နိုင်ငံကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲမှာ တရားစွဲဆိုသွားမယ့် တရုတ်နိုင်ငံ သတင်းထုတ်ပြန်
၅။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အမေရိကန်နှုတ်ထွက်မည်
၆။ ရှီ နှင့် ထရမ့် ယခုသီတင်းပတ်အတွင်း ဖုန်းဖြင့် စကားပြောကြဖွယ်ရှိ
အားကစားသတင်းများ
၁။ ပြည်ပကလပ်အသင်း တစ်သင်းဖြစ်သည့် Svay Rieng FC နှင့် ရှမ်းယူနိုက်တက်တို ယှဉ်ပြိုင်ကစားမည်
၂။ MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲ ကျင်းပမည်
၃။ ကယန်းလက်ဝှေ့မယ်ဘရော်နီကာ၏ ပထမဆုံး One Championship အဖွင့်ပွဲကို ချစ်သူများနေ့၌ ယှဥ်ပြိုင်ထိုးသ-တ်မည်
၄။ အာရှဆောင်းရာသီအားကစားပြိုင်ပွဲ မီးရှူးတိုင် လက်ဆင့်ကမ်း ပွဲတော်ကို ဟာဘင်တွင် စတင်
၅။ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ အဘူဒါဘီအိုးပင်းပြိုင်ပွဲကို ပထမအဆင့်မှ ယှဉ်ပြိုင်ကစားခွင့် ရရှိ
အနုပညာသတင်းများ
၁။ ပရိသတ်ကြိုက်တာကို လိုက်ရိုက်တာထက် ကိုယ်ရိုက်တာကို ပရိသတ်ကြိုက်အောင်ရိုက်တာက ပိုပြီးတော့ သဘာဝကျတယ်လို ထင်ပါတယ်ဆိုတဲ့ ညိုမင်းလွင်
၂။ ဝတ်မှုန်ရွှေရည် အကယ်ဒမီ ထပ်ရမလား
၃။ ကိုယ့်ကိုယ်ကိုယ် ဆုချတယ်ဆိုတာ ကိုယ့်ဘဝအတွက်ပျော်ရွှင်မှုတစ်ခုပါဆိုတဲ့ ဆုရှိင်း