
မြန်မာနိုင်ငံကြီးတည်ငြိမ်အေးချမ်းပြီး သာယာဝ ပြောပါစေဟု ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော်ကြီး မေတ္တာပို့ ဆုတောင်းပေး
နစက ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကျန်းမာချမ်းသာကာ မြန်မာနိုင်ငံကြီးတည်ငြိမ်အေးချမ်းပြီး သာယာဝပြောပါစေဟု ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော်ကြီး G His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipadi Dr. Bour Kry ကမေတ္တာပို့ဆုတောင်းပေးသည်။
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖေဖော်ဝါရီ ၄ ရက်ညနေပိုင်းက မြန်မာနိုင်ငံသို့ ဘုရားဖူးခရီးစဉ်ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော်ကြီး ခေတ္တသီတင်းသုံးနေတော်မူသည့် နေပြည်တော်ရှိ KMA Hotel ၌သွားရောက်ဖူးမြှော်စဥ် ဆရာတော်ကြီးမှ မေတ္တာပို့ဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖူးမြှော်စဥ် နစက ဥက္ကဋ္ဌမှ သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ခဲ့သည့် အခြေအနေများကို လျှောက်ထားခဲ့သည်။
ထို့ပြင် ယခုကဲ့သို့ ခရီးစဉ်ကြွရောက်လာ၍ နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး သာသနာတော် ဆိုင်ရာများကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း လျှောက်ထားခဲ့သည်။






ထို့အတူ ဆရာတော်ကြီးမှလည်း မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ထေရဝါရဗုဒ္ဓဘာသာ ကိုးကွယ်မှုတူညီပြီး ယဉ်ကျေးမှု ဆိုင်ရာများတွင်လည်းခွဲခြား၍မရသည့် နိုင်ငံများဖြစ်ကာ မြန်မာနိုင်ငံရှိဗုဒ္ဓတက္ကသိုလ်များတွင် နိုင်ငံတကာမှ စာသင်သား ရဟန်းများလာရောက်၍ သင်ယူနေမှုများအတွက်လည်း မြန်မာနိုင်ငံအတွက်ဝမ်းမြောက်ဂုဏ်ယူသည်ဟု မိန့်ကြားသည်။
ထို့ပြင် ကမ္ဘာပေါ်ရှိ ထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မှုအတွက်လည်းဝမ်းမြောက်မိကာ နစကဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသား အားလုံးကျန်းမာချမ်းသာကြပြီး မြန်မာနိုင်ငံကြီးတည်ငြိမ်အေးချမ်း၍ သာယာဝပြောပါစေဟုလည်း မေတ္တာပို့ဆုတောင်း ပေးတော်မူခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးနှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် သာသနိကအဆောက်အဦများနှင့် သာသနာတော်ဆိုင်ရာများ၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီးဖြစ်ကာ မြန်မာနိုင်ငံရှိ တန် ခိုးကြီးဘုရားစေတီပုထိုးများကို ဆက်လက်ဖူး မြော်ကြည်ညိုသွားကြမည်ဖြစ်သည်။