(၁-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ယနေ့ ကာလုံအစည်းအဝေးမှ နိုင်ငံတစ်ဝှမ်းအရေးပေါ်အခြေအနေသတ်မှတ်ထားခြင်းကို (၆) လသက်တမ်းထပ်တိုးခွင့်ပြု
၂။ စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်း ၂၀ ထုတ်ရောင်းပေးမည်
၃။ ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy – RE) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဖွံဖြိုးရေးကော်မရှင် ဥက္ကဋ္ဌပြော
၄။ NLD အစိုးရလက်ထက်က စာချုပ်တစ်ခုကြောင့် ရန်ကုန်- ပုသိမ်အဝေးပြေးလမ်း ပြင်ဆင်ရခက်ခဲနေ
၅။ တရုတ်ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် TNLA ၊ AA တို တွေ့ဆုံဆွေးနွေးရန်ရှိနေ
၆။ နယ်စပ်လမ်းကြောင်းကို အသုံးပြုပြီး လက်နက်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကိစ္စတွေကို မြန်မာ- လာအို နှစ်နိုင်ငံပူးပေါင်းတားဆီးဖို လာအိုနိုင်ငံမှာ ဆွေးနွေးမှုပြုလုပ်
၇။ ၇၆ နှစ်ပြည့် ကရင်တော်လှန်ရေးနေ့မှာ KNU ဌာနချုပ်ကို ကာမီကာဇေဒရုန်း ၂ လုံးနဲ့ တိုက်ခိုက်လို တစ်ဦးဒဏ်ရာရ
၈။ ဇန်နဝါရီလ ၃၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၅၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၈၀ ကျပ်၊ Octane 95 – ၃၂၆၀ ကျပ်၊ Diesel – ၂၈၂၀ ကျပ်၊ Premium Diesel – ၃၄၈၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြိုလေဆိပ်သိုဆင်းကာနီး ခရီးသည်လေယာဉ်နှင့် စစ်ဘက်ရဟတ်ယာဉ်တိုက်မှူတွင် လိုက်ပါလာကြသူ ၆၇ ဦးလုံး သေဆုံးကြောင်းအတည်ပြု
၂။ ၂၀၃၂ ခုနှစ်တွင် ကမ္ဘာကို တိုက်မိနိုင်သော ဥက္ကာခဲ ကျရောက်ထိခိုက်နိုင်သည့် နေရာပြမြေပုံထုတ်ပြန်
၃။ တရုတ်အရေး၊ ရွှေ့ပြောင်းသွားလာသူအရေးများအတွက် အမေရိကန်သမ္မတနဲ့တွေ့ဆုံဆွေးနွေးမယ်လို ဖိလစ်ပိုင်သမ္မတ ပြော
၄။ ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်အပေါ်ထောက်ပံ့ငွေများကို ရပ်ဆိုင်းပြီးနောက် ဂျော့ဆိုးရော့စ်ရဲ့သားက ကြားဖြတ် အစိုးရခေါင်းဆောင် ယူနွတ်နှင့်တွေ့ဆုံ
၅။ ရေအောက်၌ ပုန်းလျိုးရွေ့လျားနေစဉ် ရေပေါ်ထိုးတက်၍ အုပ်စုဖွဲ ပျံသန်းနိုင်သည့် ဒရုန်းများကို တရုတ်တို ပိုင်ဆိုင်ထား
၆။ လူတိုင်း ဘတ် ၂၀ နဲ့ လျှပ်စစ်ရထားစီးနိုင်ဖို အခြေခံအဆောက်အအုံရန်ပုံငွေ ဘတ်ငွေ ဘီလျံ ၃၀၀ တည်ထောင်နိုင်ရေး ထိုင်းဘဏ္ဍာရေးဝန်ကြီးကြိုးပမ်းနေ
အားကစားသတင်းများ
၁။ ရန်ကုန်ယူနိုက်တက်အသင်း လက်ထောက်နည်းပြ ဦးမင်းဇင်ဦးအား ရန်ကုန်တိုင်း ဘောလုံးအဖွဲချုပ်(၁)နှစ်စာချုပ်ဖြင့် ခေါ်ယူ
၂။ မာလွန်းတဲ့ အဲဲမွီကို ဂျပန်ကစ်ဘောက်ဆင်ချန်ပီယံက ပထမအချီတင် အမှတ်စဥ်နှစ်ကြိမ် အရေခံရအောင် ထိုးနိုင်ပေမယ့် ဒုတိယအချီဆိုင်ထိုးချိန် အလဲထိုးခံရလို ဘတ် ၃၅၀၀၀၀ ဆုကြေးနဲ့ ဒီည အဖွင့်လှခဲ့တဲ့ အဲမွီ
၃။ ဝမ်းချန်ပီယံရှစ်ကတော့ မြန်မာလက်ဝှေ့ကစားသမားအောင်လအန်ဆန်ကို တူကီယဲဖိုက်တာရှမေးအာဒိုဂန်နဲ့ ပွဲတည်ပေးလိုက်ပြီဖြစ်
၄။ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသားနဲ့အမျိုးသမီးဘောလုံးလောကများအတွင်း ကစားသမားအပြောင်းအရွှေ့ဟာ အကြိမ်ရေ ၇ သောင်း ၈ ထောင်ကျော်ရှိခဲ့
၅။ အိန္ဒိယနိုင်ငံရဲ့နာမည်ကျော်ခရစ်ကတ်ကစားသမားဖြစ်သူ ဗီရတ် ခိုလီ ဟာ ၁၂ ကျော်ကာလအတွင်း ပထမဆုံး ပြည်တွင်းပြိုင်ပွဲကိုပါဝင်ကစားခဲ့
အနုပညာသတင်းများ
၁။ ငယ်ငယ်က ကိုယ့်ချစ်သူက လက်ဖက်သုတ်တောင် နနွင်းမှုန့်ထည့်သုတ်ကျွေးခဲ့တာဆိုတဲ့ ခင်လှိင်
၂။ ဖိုးကောက်ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးရဲ့ ဇနီး၊ ရှိန်းတင်ထူးရဲ့ မိခင်ဆိုတဲ့ ကာရိုက်တာဆန်းလေးနဲ့ ပရိသတ်မြင်တွေ့ရမှာဆိုတဲ့ ဆုအိမ့်စံ
၃။ ဟာသ Plot တွေရိုက်ရတာ စဉ်းစားရလွန်းလို ခုဆိုရင် ဆံပင်တွေပါဖြူလာတယ်ဆိုတဲ့ နေရည်ဝင်းလဲ့