ရော့ခ်ဂီတ တေးသံရှင် မာရဇ္ဇ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်

ကော်ပီသီချင်းခေတ်တွင် ကိုယ်ပိုင်သံစဉ်များကိုသာ သီဆိုသူတစ်ဦးအဖြစ် လူသိများပြီး နာမည်ကြီး အမျိုးသားအဆိုတော် တေးရေးဆရာတစ်ဦးဖြစ်သည့် ရော့ခ်ဂီတ တေးသံရှင် မာရဇ္ဇသည် ဇန်နဝါရီလ(၂၃)ရက်နေ့ ညပိုင်းက ဗဟိုရ်စည်ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

တေးသံရှင် မာရဇ္ဇသည် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် (၅၈)နှစ်ရှိပြီဖြစ်သည်။ အဆိုကျော် မာရဇ္ဇ၏ ဂီတသက်တမ်း နှစ် (၃၀)ကျော်အတွင်း “ ဂမ္ဘီရမိုးကြိုး၊ မိစ္ဆာအတွက်ကရုဏာ၊ မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သားကောင်၊ ရွှေရတီ၊ သေချာပါတယ်” စသည့် တေးစီးရီးများထွက်ရှိခဲ့ပြီး ၎င်းတို့အနက် “ မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ရွှေရောင်ကောင်းကင်၊ အလွမ်းမိတ်ဆွေ” စသည့်သီချင်းများသည် လူငယ်များအကြား ယနေ့ အချိန်ထိ ရေပန်းစားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၅ ခုနှစ်ရဲ့ Oscars Nominations List ထွက်ပေါ်
Next post (၂၄-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်