သိက္ခာရှိသည့် လွှတ်တော်များဖြစ်အောင် ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ မှာကြား

ရွေးကောက်ပွဲကျင်းပပြီးချိန်၌ လွှတ်တော်များ၏ အခန်းကဏ္ဍအရေးကြီးခြင်းနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးတွင် အမှာစကားပြောကြားစဥ် ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်ပါသည် ။

နစကအစိုးရအနေဖြင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ကိုဆောင်ရွက်လျက် ရှိသည်ဟု နစကဥက္ကဋ္ဌ ကပြောပါသည် ။

ထို့အပြင် တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမျိုးဖြစ်အောင် ဖိဖိစီးစီးနှင့် ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်းကိုလည်း တိုက်တွန်းပြောကြားပါသည်။

“ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်များမှာ အဆင့်နဲ့အညီ လွှတ်တော် အစည်းအဝေးလုပ်ဆောင်နိုင်စွမ်း ရှိရမှာဖြစ်ပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရပါမယ်”ဟု နစကဥက္ကဋ္ဌ က ပြောကြားခဲ့ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post Morning Vibeအဖြစ် အလှပုံလေး ပရိသတ်တွေ ချပြလာတဲ့ သင်ဇာဝင့်ကျော်