လီဗာပူးလ်အသင်းနှင့် လမ်းခွဲခဲ့သည့်အကြောင်းရင်းကို ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ် ဖွင့်ဟ

၁၆ ဇန်နဝါရီလ

လီဗာပူးလ်ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းနှင့်လမ်းခွဲခဲ့ခြင်းမှာ ပြင်းထန်လွန်းသည့် ဖိအားများကြောင့်ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၅၇)နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြ ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ အောက်တိုဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး နှစ်ပေါင်း (၃၀) ကွာဝေးနေသည့် ပရီးမီးယားလိဂ်ချန်ပီယံနှင့် ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိကဆုဖလား (၇) လုံး ရယူပေးခဲ့သည်။

ကလော့ပ်သည်သည် လီဗာပူးလ်ပရိသတ်များ၏ ချစ်ခင်အားပေးမှုကို ရရှိထားသော်လည်း ၂၀၂၃-၂၄ ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲခဲ့ခြင်းဖြစ်သည်။ Red Bull အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ကလော့ပ်က လီဗာပူးလ်အသင်းမှထွက်ခွာခဲ့သည့် အကြောင်းရင်းကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က “ဘောလုံးနည်းပြအဖြစ် (၂၅) နှစ် အလုပ်လုပ်ခဲ့ပါတယ်။ ဒီအလုပ်က အရမ်းပြင်းထန်ပြီး ဖိအားများပါတယ်။ ကျွန်တော်က အရာရာကို သိချင်တဲ့သူဖြစ်ပြီး အဲဒီဖိအားတွေကို မခံနိုင်တော့ပါဘူး။ ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ကစားရတယ်။ အသင်းခြေ စွမ်းကိုလည်း ထိန်းထားရမယ်။ ရိုးသားစွာဝန်ခံရမယ်ဆိုရင် အဲဒီလိုလုပ်ရတာကို ကျွန်တော် မပျော်တော့ဘူး။ ကျွန်တော်က အသစ်တွေကို အမြဲလုပ်ချင်သူပါ။ ကျွန်တော်က တစ်ကမ္ဘာလုံးမှာ ဘောလုံးကို တိုးတက်အောင်လုပ်ချင်ပါတယ်။ အခု ဒါကို လုပ်ခွင့်ရနေပါပြီ”ဟု ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး ရာသီကုန်အထိ နားရမည်
Next post (၁၇-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်