မန္တလေးတိုင်းဒေသကြီးတွင် B.O.T စနစ်ဖြင့် လမ်းတံတားများ ပြုပြင် ဆောင်ရွက်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း B.O.T စနစ်ဖြင့် လမ်းတံတားများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိ သူများက ဇန်နဝါရီလ (၁၂) ရက်နေ့က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လမ်းများမှာ မိတ္ထီလာမြို့နယ်အတွင်း မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း ၂၅/၀ မိုင်မှ ၂၅/၁မိုင်ကြား၊ ကျောက်ပန်းတောင်း မြို့နယ်အတွင်း မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း ၄၁/၂ မိုင် နှင့် ၄၁/၃မိုင်ကြား၊ ညောင်ဦးမြို့နယ်အတွင်း ကျောက်ပန်းတောင်း-ညောင်ဦး-ပုဂံလမ်း ၀/၀ မိုင် မှ ၃၃/၄ မိုင်ကြားတို့တွင် ၂၄ ပေ အကျယ်လမ်း မျက်နှာပြင် အနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင် ရာတွင် လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post လော့စ်ဆန်းဂျလိစ်တောမီးကြောင့် အော်စကာဆန်ခါတင် စာရင်း ကြေငြာမည့်ရက်ရွှေ့ရပြန်