ဘာအရည်အချင်းမှ မရှိတဲ့ဆယ်လီတွေနဲ့ ကျွန်တော့်ကို မနှိုင်းယှဉ်ကြပါနဲ့လို့ တောင်းဆိုလာတဲ့ Myanmar Star ပြိုင်ပွဲဝင် လင်းပြည့်ဟိန်း
အစီအစဉ်တင်ဆက်သူ ဇင်အောင်ရဲ့ ပြောစကားတွေကြောင့် တနိုင်ငံလုံးနီးပါး ပရိသတ်တွေရဲ့အချစ်ကို ရလာခဲ့ပြီး ကူညီ ပေးမယ့်သူတွေ ပေါများလာခဲ့တဲ့ အဆိုဝါသနာရှင်လေး လင်းပြည့်ဟိန်းဟာ အခုတလောမှာ ကြော်ငြာကမ်းလှမ်းချက် တွေလည်း ရရှိနေခဲ့တာပါ။
သူ့အောင်မြင်မှုကြောင့် အခုလို အခွင့်အရေးတွေရလာတဲ့အပေါ် ဝမ်းသာနေကြတဲ့ပရိသတ်တွေရှိနေခဲ့ပေမဲ့လည်း အရင်က နာမည်ကြီးခဲ့ဖူးတဲ့ ဆယ်လီတွေကို သင်ခန်းစာယူပြီး အောက်ခြေမလွတ်သွားဖို့ စေတနာနဲ့ သတိပေးနေကြသူတွေလည်း ရှိနေခဲ့ပါတယ်။
ဒီအချိန်မှာတော့ လင်းပြည့်ဟိန်းဘက်က သူ့ခံယူချက်ကို ပြောပြလာခဲ့တာဖြစ်ပြီး..”စီးပွားရေးသမားတွေအတွက် အသုံးချခံဖြစ်ရလောက်အောင်ထိ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာဆင်ခြင်ပြီး ထိန်းချုပ်နိုင်တဲ့ စကေးက နည်းမနေပါဘူးပြီးတော့ ခိုင်:နှို./င်းပြထားတဲ့လူနှစ်ယောက်က ပင်ကိုယ်အရည်အသွေးမရှိဘဲနာမည်ကြီးလာတဲ့သူတွေပါ (တစ်ပါးသူကို ချို-:နှိ./-မ်ပြီးပြောခြင်းမဟုတ်ပါ အမှန်တရားပါ)ဘာလို့လည်းဆိုတော့ ကျွန်တော့်မှာ ကြော်ငြာရိုက်ဖို့ အရည်အချင်းမှပြည့်မှီမနေတာ ကျတော်က သီချင်းဘဲဆိုတဲ့သူတစ်ယောက်ပါ ကျတော့်လိုင်းလည်းမဟုတ်ဘူး ပြီးတော့ ဒီလိုကြော်ငြာတစ်ခုနှစ်ခုရိုက်ပြီးပျောက်ကွယ် ချောင်ကပ်သွားမယ်လို့ပြောရအောင်လည်း ကျတော်က ကြော်ငြာရို./-က် စာ:မယ့်ကောင်မဟုတ်ဘူး ကိုယ်သဘောကျတဲ့ဂီတရပ်ဝန်းထဲမှာဘဲ လည်ပတ်နေမယ့်ကောင်အခုဖြစ်နေတဲ့ ဂယက်မှာလည်း ပင်ကိုယ်အရည်အချင်းကြောင့်မဟုတ်ဘဲ အရည်မရအဖက်မရ ဖိနပ်ကိစ္စကြောင့်ဖြစ်နေတာကြောင့် ဒါကို ကျော်ကြားမှုလို့ လက်မခံကြောင်း နာမည်ကြီးတာလို့ခံယူရမှာရှက်ကြောင်း အတိအလင်းပြောထားပြီးသားအဓိကပြောချင်တာက ကျေးဇူးပြု၍ ပင်ကိုယ်အရည်အသွေးမရှိဘဲ ပေါ်ပင်ကိစ္စတွေနဲ့ အကြောင်းအရင်းမဲ့စွာ နာမည်ကြီးလာကြတဲ့ လူတစ်စုနဲ့ ကျွန်တော့်မှာရှိတဲ့ ကျွန်တော်တန်ဖိုးထားတဲ့ အရည်အချင်းသေးသေးလေးကို ဘာမဟုတ်တဲ့လူတွေနဲ့ ခို.င်:နှိုင်:ပြောဆိုခြင်း မပြုကြရန် မေတ္တာရပ်ခံအပ်ပါတယ်..လို့ သူ့အကောင့်မှာ ရေးသားပြီး တောင်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။