ဆိုလာများ ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေ

ရန်ကုန်တွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်လာသည့်အတွက် ဆိုလာအရောင်းဆိုင်များတွင် ပစ္စည်းပြတ်သည် အထိ ရောင်းအားကောင်းနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန်တွင် တရက်လျှင် လျှပ်စစ်မီးရှစ်နာရီ သာရရှိသည့်အတွက် မီးစက်နှင့်ဆိုလာများ ယခင်ထက်ရောင်းအားကောင်းလာကြောင်း သိရသည်။

အခုကတော့ ဆိုလာတွေက ပစ္စည်းပြတ်နေပြီ။ ၂၀ ကျော်မှ ဈေးကွက်ထဲပြန်ရောက်မယ်။ မီးစက်ထက် ဆိုလာကိုပို ဝယ်ကြတယ်။ ဈေးကတော့ အနိမ့်ဆုံး ၄၅၀,၀၀၀ ကနေစရှိပါတယ်။ တစ်ချပ်ဈေးပေါ့။” ဟု ဆို‌လာရောင်းသူ တစ်ဦးက ပြောသည်။

ယခုကာလတွင် အစိုးရလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ တစ်ရက်ပျမ်းမျှ ၂၂၀ဝ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ ၅၀% ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။ အထက်ပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၅ ရာခိုင်နှုန်း အချိုးချ၍ ဓာတ်အားခွဲဝေပေးနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စု (၃) စုခွဲ၍ တစ်အုပ်စုလျှင် ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ်။ ၄ နာရီပေး ၈ နာရီပိတ်။ ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ်၊ အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တွင် အုပ်စု ၄ စုခွဲ၍ ၃ နာရီပေး၊ ၉ နာရီပိတ် အလှည့်ကျနှင့် အုပ်စု ၄ စုခွဲ၍ ၄ နာရီပေး၊ ၁၂ နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တွင် အများပြည်သူများအား တစ်ရက်ပျမ်းမျှ ၁၆ နာရီပေး ၈ နာရီပိတ်၊ ဝန်ထမ်းအိမ်ယာများအား ၁၈ နာရီပေး ၄ နာရီပိတ် အစီအစဉ်ဖြင့် လည်းကောင်း၊ ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်း အုပ်စုများခွဲ၍ တစ်အုပ်စုလျှင် ၆ နာရီ အလှည့်ကျ အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှု မိတ္ထီလာ၌ အောင်မြင်စွာဆောင်ရွက်နိုင်မည်