(၂၆-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၆-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ယခုလကုန်ပိုင်းတွင် ထုတ်ပြန်မည်
၂။ ဇန်နဝါရီ ၁ ရက်မှစတင်၍ MPTA FM App ကို အသုံးပြုပြီး နီးစပ်ရာ စက်သုံးဆီဆိုင်များ၏ ဆီဈေးနှုန်းနှင့် လိုသလောက် ဝယ်ယူနိုင်ခြင်း ရှိ/မရှိ သိရှိနိုင်မည်
၃။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ထုတ်ပြန်ကြေညာ
၄။ နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များအတွက် ပုံမှန်ရထားများအပြင် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးမည်
၅။ ရပ်နားထားတာ ကြာပြီဖြစ်တဲ့ လမ်းမတော်ပွဲဈေးကို (၄) ရက်ကြာ ပြန်လည်ကျင်းပမည်
၆။ စစ်ဘေးရှောင်သူတွေဆီလာလည်တဲ့ မြန်မာနိုင်ငံသားချင်းလူမျိုး ၃ ဦးက ရိုက်နှက်လို အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံး၊ တရားခံတစ်ဦး ဖမ်းမိထားပြီး နှစ်ဦးက လွတ်မြောက်နေ
၇။ စစ်မှုထမ်းစုဆောင်းရာနှင့် ပေါ်တာဆွဲရာတွင် အားတက်သရောလုပ်ကိုင်ပေးနေသည် စွပ်စွဲကာ နတ္တလင်းကျေးရွာမှ အမျိုးသားတစ်ဦးအား ပေါင်းတည် PDF သတ်ဖြတ်လိုက်သည်ဟု ခရစ္စမတ်နေ့တွင် ဝန်ခံ
၈။ ဒီဇင်ဘာလ ၂၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၁၀ ကျပ်၊ Octane 95 – ၃၂၂၀ ကျပ်၊ Diesel – ၂၆၅၅ ကျပ်၊ Premium Diesel – ၃၂၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အဇာဘိုင်ဂျန် လေကြောင်းမှလေယာဉ်တစ်စင်း ရုရှားနိုင်ငံသိုပျံသန်းစဉ် ကာဇက်စတန်နိုင်ငံအတွင်း ပျက်ကျ
၂။ ဆီးရီးယားတွင် ခရစ္စမတ်သစ်ပင်ကို မီးရှိမှုအတွက် ဆန္ဒပြမှုဖြစ်ပွား
၃။ ကာဒစ်ရှ်အဖွဲကလွဲလို ဆီးရီးယားသူပုန်အုပ်စုတွေအားလုံး ဖျက်သိမ်းပြီး ဆီးရီးယားအစိုးရသစ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကို ဝင်ရောက်မည်
၄။ နည်းပညာဆိုင်ရာ ပြဿနာများကြောင့် အမေရိကန်လေကြောင်းကုမ္ပဏီသည် ပျံသန်းမှုအားလုံးကို ရပ်ဆိုင်း
၅။ တောင်ကိုရီးယာယီသမ္မတကို စွပ်စွဲပြစ်တင်မည့် အစီအစဉ်ကိုဆိုင်းငံ့ထားကြောင်း တောင်ကိုရီးယားအတိုက်ခံပါတီ ပြော
၆။ Toyota ကုမ္ပဏီက ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်ဒေါ်လာ(၁)သန်း လှူဒါန်း
အားကစားသတင်းများ
၁။ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲများအား ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်
၂။ Asean Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွေကို ဒီဇင်ဘာလ(၂၆)ရက်နဲ့ ၂၇ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်
၃။ မန်ချက်စတာယူနိုက် အသင်းဟာ တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ရဲ့နေရာကိုအစားထိုးဖိုအတွက် နိုက်ဂျီးရီးယားတိုက်စစ်မှူး ဗစ်တာ အိုစီမန် ကိုခေါ်ယူဖိုရှိနေ
၄။ အီတလီစီးရီးအေပွဲစဉ်(၁၇)မှာ အင်တာမီလန်အသင်းက မိုကိုအသင်းကို နှစ်ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့်(၃)နေရာမှာ ဆက်လက်ရပ်တည်
၅။ ဆွစ်ဇာလန် နှင်းလျှောစီးမယ် ဆိုဖီ ဟိုင်ဒီဂါ ဟာ အေရိုစာ တောင်ပေါ် အပန်းဖြေစခန်းမှာ မတော်တဆမှုဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုးခဲ့ရ
အနုပညာသတင်းများ
၁။ ဟောင်စု ပရုတ်ဆီကြေညာသည့် ဖြူဖြူထွေးကို ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူများ သတ်ဖြတ်ရန် လှုဆော်နေပြီး ရန်အောင့်နေအိမ် ဗုံးခွဲတဲ့ Dark Shadow PDF အဖွဲကပါ ဖြူဖြူထွေးကို သတ်မယ်ခြိမ်းခြောက်လာ
၂။ ဘယ်သူမှပွဲမငှါးလို ငုပ်တုတ်မေ့နေတယ်ဆိုတဲ့ ဗီဗာဟိန်း
၃။ ရွှေကြိုမောင်မယ် နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို လာမယ့် ဇန်နဝါရီ ၅ ရက်နေ့ ကျင်းပမယ့်အပြင် ပရိသတ်တွေရဲ့ ဆန္ဒမဲတွေလည်း ပါဝင်နိုင်