(၂၄-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၄-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆို မဖြေရှင်းနိုင်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
၂။ ပဲခူးမြိုရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေ
၃။ AA လို အစိုးရမဟုတ်တဲ့အဖွဲနဲ့ နယ်စပ်ပြဿနာ မဆွေးနွေးဘူးလို ဘင်္ဂလားဒေ့ရှ်အစိုးရပြော
၄။ RANGOON DOWNTOWN LIFESTYLE 2024 ပွဲတော်အား ဝန်ကြီးများရုံးတွင် ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်မှတ်ခ တစ်ဦးလျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် နှစ်သိန်း အထိရှိနေ
၅။ ဘာသာရေး အကြောင်းပြ အလှူခံပြီး စီးပွားရှာနေကြသူတွေကို ဖမ်းဆီး
၆။ ရေနံချောင်းမြိုနယ်တွင် ကျောင်းဆရာတစ်ဦးကို အကြမ်းဖက်တွေက ရွာလယ်လမ်းမပေါ်သို ဖမ်းဆီး ခေါ်ဆောင်ကာ ပစ်ခတ်သတ်ဖြတ်
၇။ ဝမ်းတွင်းမြိုနယ် တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် (၃) ဦးကို အကြမ်းဖက် PDF က နေအိမ်အတွင်း ဝင်ရောက် သတ်ဖြတ်
၈။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၄၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၁၀ ကျပ်၊ Octane 95 – ၃၂၂၀ ကျပ်၊ Diesel – ၂၆၅၅ ကျပ်၊ Premium Diesel – ၃၂၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ပင်လယ်နီတွင် အမေရိကန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး အမေရိကန် တိုက်လေယာဉ်ကိုလည်း ပစ်ချခဲ့ကြောင်း ဟူသီများပြောကြား
၂။ အမေရိကန် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်က TikTok ကို အမေရိကန်နိုင်ငံအတွင်း ခေတ္တဆက်ထားရန် လိုလား
၃။ အမေရိကန်သင်္ဘောတွေကို ဖြတ်သန်းခ လျှော့မပေးရင် ပနားမားတူးမြောင်းကို ပြန်ယူမယ်လို ထရမ့်ပြော
၄။ ဟူသီသူပုန်က တဲလ်ဗစ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အီရန်ကို တိုက်ရိုက်လက်တုံပြန်တိုက်ခိုက်ဖို အစ္စရေး မော့ဆက်အကြီးအကဲ ပြော
၅။ ဘရာဇီး၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံများသို တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်ရန် ရုရှားစဉ်းစားနေ
၆။ ဂျာမနီ ခရစ္စမတ်ဈေးပွဲတော်ကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့တရားခံ လူသတ်မှုနဲ့ ရင်ဆိုင်နေရ
အားကစားသတင်းများ
၁။ အောင်ပွဲရ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲပြန်လည်ရောက်ရှိလာ
၂။ AFC Women’s Futsal Asian Cupပြိုင်ပွဲ အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လေ့ကျင့်မှုများပြုလုပ်နေ
၃။ တော့တင်ဟမ်ကို အနိုင်ရတဲ့ပွဲမှာ နောက်ထပ် ဂိုးစံချိန်တရပ် တင်နိုင်တဲ့ ဆာလာ
၄။ ဦးဆောင်ဂိုးသာ ရခဲ့ပါက ပွဲရလဒ်ပြောင်းလဲသွားနိုင်ဟု မန်ယူနည်းပြ ပြော
၅။ လိုက်ပ်ဇစ် အသင်းရဲ့ကစားသမား ဟင်နရစ်ချ် ဟာ ဘိုင်ယံမြူးနစ်အသင်းနဲ့ပွဲစဉ်အတွင်းရရှိခဲ့တဲ့ ပြင်းထန်တဲ့ဒဏ်ရာကြောင့် လအတော်ကြာအနားယူရတော့မှာဖြစ်
အနုပညာသတင်းများ
၁။ ကျွန်တော်ရေးပေးတဲ့ သီချင်းကြောင့် အောင်မြင်တဲ့သူတွေက တပည့်မဟုတ်သလို ကျွန်တော်ကလည်း ဆရာမဟုတ်ပါဘူးဆိုတဲ့ သဟာအောင်
၂။ နန္ဒာလှိင်က ရိုက်ကွင်းပေါ်မှာ သူတစ်ခါမှမဝတ်ရသေးတဲ့ သတိုသမီးဝတ်စုံအဖြူကို ပေးဝတ်ခဲ့လို အရမ်းကျေးဇူးတင်ခဲ့ရတယ် ဆိုတဲ့ ခိုင်ဇာ
၃။ သူများတွေကိုလိုက်ပြီး ကူညီပေမယ့် ကိုယ့်မိဘကိုတော့ မကူညီနိုင်ခဲ့ဘူး ဆိုတဲ့ ပုတု