(၁၂-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၂-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌခရီးစဉ် မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးအောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

၂။ ငွေစက္ကူများ ဖျက်သိမ်းရန်၊ ဘဏ်များပိတ်သိမ်းရန်မရှိသလို ငွေစက္ကူအသစ်များ ထုတ်ဝေရန်လည်း အစီအစဉ် မရှိကြောင်း ဗဟိုဘဏ်မှထုတ်ပြန်

၃။ မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆိုရေး Article 33 နဲ့ပတ်သက်လို ကမ္ဘာ့အလုပ်သမားအဖွဲချုပ် ILO က သူတိုရဲ့ ညီလာခံမှာ ဆက်လက်ဆွေးနွေးမယ်ဆိုတာကို မြန်မာအလုပ်သမားထု ကန့်ကွက်

၄။ လက်ရှိတွင် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်း ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ဒီဇင်ဘာလတွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နေ

၅။ မိတ္ထီလာမြိုရှိ စစ်ဘက်၊ အရပ်ဘက် အဆောက်အဦးများကို စစ်သွေးကြွများက လက်လုပ်ဒရုန်း ၁၃ စီးဖြင့် တိုက်ခိုက်၊ ထိခိုက်ပျက်စီးမှု မရှိ

၆။ TNLA နှင့် MNDAA တို ဘာသာရေးအဆောက်အအုံနှင့် ပြည်သူပိုင်နေအိမ်များအတွင်း ဝင်ရောက်တပ်စွဲခြင်းမပြုလုပ်ရန် ဒေသခံများတောင်းဆို

၇။ ညောင်ဦးတွင် PDF ခုနှစ်ဦးက အမျိုးသားသုံးဦးကို ဖမ်းဆီးရိုက်နှက် သေနတ်ဖြင့် ပစ်သတ်၍ နှစ်ဦးသေဆုံး

၈။ နိုဝင်ဘာလ ၁၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၅၄၈,၀၁၈ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၃၀ ကျပ်၊ Octane 95 – ၃၂၁၀ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ပြုံယမ်းကနျူလက်နက်သုံးလျှင်ဆိုးလ်-ဝါရှင်တန်က ချက်ချင်းတိုက်မည်

၂။ ပေဂျာတွေနဲ့ ရေဒီယိုတွေပေါက်ကွဲမှုစစ်ဆင်ရေးကို ၎င်းတိုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို အစ္စရေးဝန်ကြီးချုပ် ထုတ်ဖော်ပြောဆို

၃။ ရုရှားနှင့် ယူကရိန်းတို မောင်းသူမဲ့ အဝေးထိန်းလေယာဉ်များဖြင့် နှစ်ဖက်အပြန်အလှန် တိုက်ခိုက်

၄။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ရထားဘူတာရုံတစ်ခုတွင် ဗုံးခွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၆ ဦးအထိရှိလာ

၅။ ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် ကာကွယ်ရေးစာချုပ်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးအတည်ပြု

၆။ ဖိလစ်ပိုင်ရေကြောင်းဥပဒေသစ်တရုတ်ကန့်ကွက်

အားကစားသတင်းများ

၁။ ခြေစမ်းပွဲ ကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်း ထိုင်းနိုင်ငံသို ယ‌မန်နေ့က ထွက်ခွာ

၂။ ဘာစီလိုနာအသင်း Nike နဲ့ တန်ဖိုးကြီးစာချုပ်ရှိပေမဲ့လည်း ငွေကြေးပြဿနာတွေ ဆက်ရှိမည်

၃။ FIFA က အင်ဒိုနီးရှားအသင်းကို ပြစ်ဒဏ်များ ချမှတ်

၄။ ဒီရာသီ ဒုတိယမြောက် နည်းပြအပြောင်းအလဲအဖြစ် ရိုးမားအသင်းက ဂျူရစ်ချ်ကို ထုတ်ပယ်

၅။ NFL ဟာ လာမယ့်ရာသီမှာ ပြည်ပကို ၈ ကြိမ်ထွက်ကစားဖို စီစဉ်ထား

အနုပညာသတင်းများ

၁။ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲကို လာမည့် ဖေဖေါ်ဝါရီလတွင် နေပြည်တော်၌ ကျင်းပမည်

၂။ Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သက်စံ အတွက် ထာဝရ ဝိန့်စိန် မှ USD 5000 voting ပါဝင်

၃။ အခက်အခဲဆိုတာ အောင်မြင်မှုကို သွားတဲ့လမ်းပဲ၊ အခက်အခဲကို ကြောက်နေရင် အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့ နေတိုး

၄။ ကျန်းမာစွာနဲ့ သမီးချောလေး မွေးလာပြီဆိုတဲ့ အဆိုတော် ရော်ရွက်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တောင်ကြီးမီးပုံပျံပွဲတော်ကွင်း ဖွင့်ပွဲ ယနေ့ကျင်းပပြုလုပ်
Next post နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ပြီး နစက ဥက္ကဋ္ဌ တက်ရောက်