ရေဦး-အုန်းနပေါင်းရွာမှ ငယ်ဖြူကျောင်းထိုင်ဆရာတော်ကို PDF အဖွဲ့က ကြိုးတုပ်၊ နှိပ်စက်ပြီး စွပ်စွဲသတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးမြို့နယ်တွင် သာသနာတော်နှင့် ဒေသအကျိုးဆောင်ရွက်တော်မူနေသည့် ကျောင်းထိုင် ဆရာတော်ကို PDFအဖွဲ့က ကြိုးတုပ်၊နှိပ်စက်ပြီး စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ရေဦးမြို့နယ်၊ အင်တောကျေးရွာအုပ်စု အုန်းနပေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးတော်မူသော သက်တော် (၄၇)နှစ်၊ဝါတော်(၂၇)ဝါရှိသည့် ကျောင်းထိုင်ဆရာတော် ဦးပိန္ဒကသီရိကို PDF အဖွဲ့က အောက်တိုဘာ (၃၁)ရက်၊ည (၉)နာရီ(၅၀)မိနစ်အချိန်၌သတ်ဖြတ်ခဲ့တာပါ။

အဆိုပါဖြစ်စဉ်မတိုင်မီ အောက်တိုဘာ (၃၀) ရက် ညပိုင်းက အုန်းနပေါင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက် ခိုလှုံနေသော PDF အချို့နှင့် ကျောင်းတွင် ရှိနေသည့် ကိုရင်းကြီးတစ်ပါးတို့ အရက်ဝိုင်းဖွဲ့ကာ သောက်သုံးနေစဉ် ဆရာတော်ဦးပိန္ဒက သီရိကတားမြစ်ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် အောက်တိုဘာ (၃၁)ရက်၊ ညပိုင်းတွင် PDF အဖွဲ့က အရက်မူးကာ ကျောင်းသို့ထပ်မံရောက်ရှိလာပြီး ၎င်းတို့ကိုတားမြစ်ခဲ့သည့် ဆရာတော် ‘‘ဒလန်” ဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်၍ သတ်ဖြတ်ခဲ့သောကြောင့် ဆရာတော်ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Mahar Original Series ဖြစ်တဲ့ “ဇော”ဇာတ်လမ်းတွဲ Press Show အခမ်းအနားကျင်းပ