တရုတ်နိုင်ငံမှာ ကျင်းပတဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ လှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ်ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆု ဆွတ်ခူးရရှိခဲ့

အောက်တိုဘာလ ၂၉ ရက်

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ် ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆုတို့ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

ယခု‌လှေလှော်ပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်(ICF)က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး အခုပြိုင်ပွဲဟာ လာမယ့် ၂ဝ၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၊ ချန်ဒူးမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အားကစားပြိုင်ပွဲရဲ့နဂါးလှေလှော်အားကစားပွဲအတွက် အကြိုလက်ရည်စစ်ပြိုင်ပွဲဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလှေလှော်အားကစားအဖွဲ့အနေနဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆု တို့ကို ရလဒ်ကောင်းစွာနဲ့ ဆွတ်ခူးရရှိခဲ့ခြင်းအပေါ် လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်က ထုတ်ပြန်‌ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲတစေ ဂရုပြုထောက်ခံအားပေးနေပြီး သံရုံးအနေနဲ့ နှစ်ပေါင်းကြာရှည်စွာ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်စတဲ့ အားကစားအသင်းအဖွဲ့တွေထံသို့ လှူဒါန်းကူညီမှုတွေပေးအပ်ခြင်းနဲ့ အားကစားသမားတွေကိုလေ့ကျင့်ရေးနဲ့အာဟာရဖြည့်စွက်ရေးတို့ကိုလည်း
ထောက်ခံအားပေးနေတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အငြင်းပွားဖွယ်ရာ ရလဒ်တွေနဲ့ စပိန်လက်ရွေးစင် မန်စီးတီး ကွင်းလယ်လူ ရိုဒရီက Ballon d’Or ရရှိ
Next post ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်အလိုမှာ အမေရိကန်ပြည်နယ်နှစ်ခုရှိ ကြိုတင်မဲပုံးများ မီးရှို့ဖျက်ဆီးခံရ