(၂၃-၁၀-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၃-၁၀-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

၂။ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို ရောက်ရှိပြီး မြန်မာနိုင်ငံသို မဝင်ရောက်သဖြင့် အဝါရောင်အဆင့် သတ်မှတ်

၃။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ

၄။ မန္တလေးတိုင်း၊ ငါန်းဇွန်မြိုနယ်၊ ငါန်းမြာကြီးရွာကို ယမန်နေ့ (အောက်တိုဘာ ၂၁) ရက်နေ့မှာ တပ်မတော်က ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်

၅။ မြန်မာ့အရေး သဘောထားတင်းမာသူ အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး ရက်နိုမာဆူဒီနေရာတွင် ဝန်ကြီးအသစ် အစားထိုးခန့်အပ်

၆။ ယနေ့ နံနက်ပိုင်းက KNLA ဗဟိုဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို ဆို

၇။ အကြမ်းဖက်သမားအယောင်ဆောင်ကာ ငွေကျပ်သိန်း ၂၀၀၀ ကျော်အထိ ခြိမ်းခြောက်ငွေကြေးတောင်းခံခဲ့သူကို ပြင်ဦးလွင်မြိုတွင် ဖမ်းဆီးရမိ

၈။ အောက်တိုဘာလ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၀၂,၉၂၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ BRICS ထိပ်သီးအစည်းအဝေး ကမ္ဘာသစ်အစီအစဉ်အရေးဆွေးနွေးမည်

၂။ ယူကရိန်းစစ်မြေပြင်ကို မြောက်ကိုရီးယားတပ်ဖွဲဝင်တွေ စေလွှတ်မယ်ဆိုတဲ့ကိစ္စ မဟာမိတ်နိုင်ငံတွေနဲ့ အမေရိကန်ဆွေးနွေးမည်

၃။ အမေရိကန် F-22 Raptor ကို ခြေရာခံထောက်လှမ်းနိုင်တဲ့ ဈေးသက်သာတဲ့ရေဒါသစ်တစ်မျိုး တီထွင် ထုတ်လုပ်နေကြောင်း တရုတ်ပြော

၄။ ဖျူထိုင်းပါတီနှင့် အခြားညွန့်ပေါင်းခြောက်ပါတီကို ဖျက်သိမ်းရန် တိုင်ကြားချက်များအား စုံစမ်းလာပါကလည်း စိုးရိမ်စရာမရှိဟု သမီးဖြစ်သူ ဝန်ကြီးချုပ် ပေတုံတန် ပြော

၅။ အန်ဒါမန်ကမ်းရိုးတန်းစီမံကိန်းအစီရင်ခံစာ ဖေဖော်ဝါရီ၌အပြီးတင်မည်

၆။ နယ်စပ် ပဋိပက္ခဖြေရှင်းရေး ကင်းလှည့်ရန်အိန္ဒိယနှင့် တရုတ် သဘောတူ

အားကစားသတင်းများ

၁။ အာဆီယံဒေသတွင်း လိဂ်ဘောလုံးပြိုင်ပွဲများအနက် မြန်မာနေရှင်နယ်လိဂ် တန်ဖိုးတွက်ချက်မှုအဆင့်(၈)နေရာတွင် ရပ်တည်နေ

၂။ ၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I) ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်

၃။ ONE Friday Fights 84 ပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်ကြသည့် အဲမွီနှင့် ဆွန်ရက်တို တွဲဆိုင်းများ ပါဝင်လာမည်

၄။ ဆော်ဒီအထိစက်ဘီးနင်းပြီး ဒိုလေးကိုတွေ့သည့်တရုတ်ပရိသတ်တစ်ဦး

၅။ အာဒါဂူလာရဲ့ အပြောင်းအရွှေ့ကို အဟက်ခ်ခံရတဲ့ ဂျူဗင်တပ်စ်အကောင့် ကြေညာ

အနုပညာသတင်းများ

၁။ Mexico နိုင်ငံမှာ ကျင်းပမယ့် “Miss Universe 2024” ပြိုင်ပွဲကြီးအတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သက်စံအန်ဒါဆန် မြန်မာပြည်က စတင်ထွက်ခွာ

၂။ ယခုနှစ် ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ဖိုအတွက် အဂတိတရားလေးပါးနဲ့ ဘက်လိုက်ခြင်းကင်းတဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်ဖို ဖိတ်ခေါ်

၃။ နေတိုးက သူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တဲ့သူဆိုတော့ သူ့မျက်နှာက တကယ့်ကို အကြည်ဓာတ်ဖြစ်ပြီး အရမ်းအေးချမ်းတာ ဆိုတဲ့ ချောရတနာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယခုနှစ် ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ဖို့အတွက် အဂတိ တရားလေးပါးနဲ့ ဘက်လိုက်ခြင်းကင်းတဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်ဖို့ ဖိတ်ခေါ်
Next post ပျော်ရွှင်ရယ်မောစရာတွေပါဝင်တဲ့ ဟာသဇာတ်မြူးပုံစံ “ဗိုက်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ