(၁၉-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၉-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး

၂။ သမိုင်းဝင်ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်၌ သီတင်းကျွတ်လပြည့်နေ့ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်

၃။ သီတင်းကျွတ်လပြည်နေ့တွင် ချောင်းသာကမ်းခြေသို ဧည့်အဝင်များပြားပြီး ကမ်းခြေတစ်လျှောက် အပန်းဖြေသူများဖြင့် စည်ကား

၄။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကောင်ထည်ဖော်သည့် Myanmar Pay စတင်နိုင်ရန် ဆောင်ရွက်နေ

၅။ ခက်ခဲ ပူပန်တွေမှုတွေကြားကနေ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်မယ်ဆိုတာနဲ့တင် ရိုးရာအစဉ်အလာတစ်ရပ်မို ဒေသခံတွေက စိတ်ကျေနပ်မှု ခံစားရတယ်လိုဆို

၆။ သီတင်းကျွတ်ရုံးပိတ်ရက်တွင် သွင်းကုန်ပစ္စည်းများ မပြတ်တောက်စေရန် ဗဟိုဘဏ်မှ ထိုင်းဘတ်သန်း ၂၀၀ နီးပါးနှင့် ဒေါ်လာ ၆ သန်းကျော် ထုတ်ရောင်းပေးထား

၇။ ထိုင်း- မြန်မာ နယ်စပ်လုံခြုံရေးအတွက် အရေးပါသောစွယ်တော်ကုန်းတပ်စခန်းကို လက်နက်ကိုင် KNU/PDF ပူးပေါင်းအဖွဲက ၇ လကြာတိုက်ခိုက်ပြီး သိမ်းယူ

၈။ အောက်တိုဘာလ ၁၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၂၄,၈၂၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဟားမတ်စ်ခေါင်းဆောင်သေဆုံး၍အစ္စရေးစစ်ပွဲကို အရှိန်မြှင့်မည်ဟု ဟစ်ဇ်ဘိုလာပြော

၂။ ဒေါ်နယ်ထရမ့်ကို ထောက်ခံသည့်အဖွဲတစ်ဖွဲအား အီလွန်မတ်စ် ၇၅ သန်း လှူဒါန်း

၃။ ရုရှားကိုရန်မလိုမှသာ အမေရိကနှင့်လက်နက်ထိန်းချုပ်ရေးဆွေးနွေးမည်

၄။ ရုရှား၌ကျင်းပမည့် BRICS ထိပ်သီးစည်းဝေး သမ္မတရှီတက်ရောက်မည်

၅။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာစီနာအား ဖမ်းဝရမ်းထုတ်မှုအပေါ် ဝေဖန်ပြောကြားရန် အိန္ဒိယအစိုးရ ငြင်းဆို

၆။ နိုင်ဂျီးရီးယားနိုင်ငံတွင် လောင်စာဆီတင်ကား တိမ်းမှောက်ပေါက်ကွဲမှုတွင် သေဆုံးသူ ၁၅၃ ဦးအထိ မြင့်တက်၊ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိ

အားကစားသတင်းများ

၁။ တရုတ်-မြန်မာနှစ်နိုင်ငံမသန်စွမ်းသူများ အားကစားပွဲတော်ကျင်းပ

၂။ ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ မြန်မာအ သင်း ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအိုအသင်းများနှင့် တစ်အုပ်တည်း ကျရောက်

၃။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရိုးရာလှေလှော်အားကစားနည်း ပါဝင်ရန် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို တောင်းဆို

၄။ ဘောလုံးသမိုင်းတစ်လျောက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီ

၅။ အက်သလက်တီကို အသင်းဟာ အဝေးကွင်းပွဲစဉ် (၅) ပွဲအတွက် ပရိသတ်အချိုကို လက်မှတ်များ ရောင်းချခြင်းမပြုရန် ဆုံးဖြတ်ခဲ့

အနုပညာသတင်းများ

၁။ အလိုတော်ပြည့်ဆရာတော်ကြီးက နေတိုးနာမည်ကိုပေးခဲ့တာပါဆိုတဲ့ ဆရာတော်အရှင်ကုမာရ

၂။ အမဘက်က ဘယ်သူ့ကိုမှ စပြီး မပြောခဲ့ပေမယ့် ကိုယ့်ကို လာပြောတဲ့သူတွေထဲက အဆင်ပြေတာလေးရွေးခဲ့ရတာပါဆိုတဲ့ ထက်ထက်(Pop Soul)

၃။ သီတင်းကျွတ်ရောက်ရင် ငယ်ငယ်တုန်းကအရမ်းပျော်ခဲ့တာဆိုတဲ့ မေမြင့်မိုရ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဟာသဒရာမာဇာတ်ပုံစံပါဝင်မယ့် “ဂျော့(စ်)စပဲရိုးနှင့် ငါးသလဲထိုး” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး
Next post (၁၉-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ