(၁၅-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၅-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရေဘေးအတွင်း အသက်ဆုံးရှုးရသူများ၊ အိုးအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်တော့မည်ဖြစ်ကြောင်း ဒုချုပ်ပြော

၂။ စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ထပ်မံကျဆင်း

၃။ ပြည်ပကို ပြောင်းတင်ပိုမှု သတ်မှတ်လျာထားချက်ထက် ကျော်လွန်တင်ပိုနိုင်ခဲ့

၄။ MAI လေကြောင်းလိုင်း၏ လုပ်သက်ရင့်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်ပညာရေး၊ လူထုအကျိုးပြုလုပ်ငန်း နှင့်စပ်လျဉ်းသည့် အစီအစဉ်သစ်များအား မိတ်ဆက်ခြင်းအခမ်းအနားပြုလုပ်

၅။ ငွေစက္ကူအတု ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးကို သက်သေများနှင့်အတူ ဖမ်းဆီးရမိ

၆။ MNDAA ထိန်းချုပ်ထားသည့် လားရှိးမြိုအနီး သိန္နီခရိုင် သံလွင်မြိုနယ်၊ အီနိုင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရဟု ဆို

၇။ ယာဥ်ထိန်းရဲမေတစ်ဦးအား ဆိုင်ကယ်စီးလာသူ နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှု မန္တလေးတွင် ယနေ့ဖြစ်ပွား

၈။ အောက်တိုဘာလ ၁၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၂၀,၇၃၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗလီတစ်ခုလုံး ပျက်စီးသွားကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြ

၂။ ပါကစ္စတန်တွင် လူမျိုးစုများကြား တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၁၆ ဦး သေဆုံး

၃။ လက်ဘနွန်တောင်ပိုင်းရှိကုလ ငြိမ်းချမ်းရေးတပ်ဖွဲများကို ရုတ်သိမ်းပေးရန် နေတန်ယာဟုတောင်းဆို

၄။ သမ္မတဂျိုးဘိုင်ဒန်ရဲ့အုပ်ချုပ်ရေးပိုင်းမူဝါဒတွေက အမေရိကန်ကို တတိယကမ္ဘာစစ်ထဲ ကျရောက်စေနိုင်တယ်လို ဒေါ်နယ်ထရမ့် ဝေဖန်

၅။ တောင်ကိုရီးယားကို ပစ်ခတ်တိုက်ခိုက်ဖိုအတွက် အဆင်သင့်ပြင်ထားကြဖို အမြောက်တပ်တွေကို မြောက်ကိုရီးယားစစ်ဘက်အမိန့်ပေး

၆။ အမေရိကန်တပ်ဖွဲတွေကို အစ္စရေးမြေပေါ်မှာ ပထမဆုံးအကြိမ် ဖြန့်ကြက်ချထားတော့မယ်

အားကစားသတင်းများ

၁။ အောက်တိုဘာ ၂၃၊ ၂၆ ဟောင်ကောင်နှင့် ကစားမည့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်အတွက် လေ့ကျင့်မှုများ ပြုလုပ်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

၂။ (၁)ဂိုးအသာဖြင့် ဧရာဝတီယူနိုက်တက်အနိုင်ရရှိ

၃။ အမ်ဘာပေကို နိုက်ကလပ်တွင် တွေ့ရသည့်အပေါ် ပြင်သစ်နည်းပြ ဖြေရှင်း

၄။ ဒီဘရိုင်းက အယ်လ်နာဆာအသင်းဆီကိုပြောင်းရွေ့သွားခဲ့ပါက အသင်းရဲ့လူငယ်ကစားသမားဟောင်း ကိုးလ်ပယ်မာကို အစားထိုးဖို ပြန်ပီးခေါ်ယူသွားဖို ရှိနေ

၅။ ဘလွန်းဒီအောဆု ဗင်နီဆီးယက်စ်နှင့် ထိုက်တန်ဟု မန်စီးတီးဂိုးသမား အီဒါဆန် သုံးသပ်

အနုပညာသတင်းများ

၁။ အမေကတော့ ကိုယ့်မြေးလေးကို မင်းသားဖြစ်စေချင်ပြီ၊ ‌မြေးလေးက အ‌မေ့ဆီကိုမလာ‌ပါဘူး အမေတော့မျှော်ရတာပေါ့ဆိုတဲ့ ဒေါ်မြတ်မွန်

၂။ နာမည်ကြီးအနုပညာရှင် နန်းဆုရတီစိုး၊ မေမြင့်မိုရ်တိုတက်ရောက်မှုနဲ့ Slinnar’s Beauty Club ၈ ဆိုင်မြောက်ဖွင့်လှစ်ပွဲမြင်ကွင်း

၃။ အောင်မြင်မှုအတွက် ယောက်ျားတွေကို အသုံးချသွားမယ်ဆိုတဲ့ မေမီကိုကို

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ ၃ ရွာအတွက် အိမ်တစ်လုံး ကျပ် ၃၅ သိန်းနှုန်း နဲ့ အိမ် ၅ လုံး လှူဒါန်း
Next post (၁၅-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ