သရုပ်ဆောင် သီရိရှင်းသန့်ရဲ့ ဒုတိယမြောက်သားလေး မွေးဖွားပြီး ၆ ရက်အကြာမှာ ဆုံးပါး

ကိုမူးဒီနဲ့ သရုပ်ဆောင် သီရိရှင်းသန့်တို့ရဲ့ ဒုတိယသားငယ်လေး Carlo Roy ဟာ မွေးဖွားပြီး ၆ ရက်အကြာ အောက်တိုဘာ ၈ ရက်က ဆုံးပါးသွားခဲ့ပါတယ်။

“၆ ရက်သား သားငယ်လေး မနေ့က ဆုံးသွားတာပါ။ ကလေးလေးက အင်မတန်ချစ်စရာကောင်းတဲ့ သားလေးပါ။ သားလေးကိုကြည့်ပြီး ရင်ထဲမှာ အရမ်းဆို့နင့် ကြေကွဲရပါတယ်။ ကိုမူးဒီနဲ့ သီရိတို့ မိသားစုအပေါ် ဘုရားသခင်ထံမှ နှစ်သိမ့်ခြင်းသက်ရောက်ပါစေဆုတောင်းပါတယ်” လို့ တေးရေး တေးဆို စံပီးက ပြောပါတယ်။

သီရိရှင်းသန့်က သူမရဲ့ ဒုတိယမြောက်သားလေးကိုမွေးဖွားပြီးနောက် (၆)ရက်သားအရွယ်မှာတင် ဆုံးရှုံးလိုက်ရတာပါ။ ဒုတိယမြောက်သားသားမမွေးဖွားခင် Ultrasound မှာတင် ရင်ခုန်​ပျော်ရွှင်နေခဲ့ကြတဲ့ ဖေဖေနဲ့မေမေမို့ ကလေးငယ်လေးကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်က ပြောမပြနိုင်လောက်အောင် ကြီးမားခဲ့တာလည်း ဖြစ်ခဲ့တာပါ။

သီရိရှင်းသန့်ကို ချစ်သူကိုမူးဒီက ​မွေး​နေ့ဖြစ်တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်က လက်ထပ်ခွင့်​တောင်းခံလက်ထပ်ခဲ့ ကြတာလည်းဖြစ်ပြီး ပထမသားဦးလည်း တစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယနိုင်ငံက ကူညီထောက်ပံ့ပေးသည့် စာဆိုဗိမာန် အဆောက်အဦ စတင်တည်ဆောက်
Next post (၁၀-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ