ဖီဖာ နိုင်ငံတကာခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း

ဖီဖာ နိုင်ငံတကာခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကာ ဒဏ်ရာကြောင့် အောင်သူ ပါဝင်နိုင်ခြင်း မရှိ

၁၃. ၆. ၂၀၂၃

Written by Peya

ဖီဖာ နိုင်ငံတကာခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကာ လူစာရင်းတွင် ဒဏ်ရာကြောင့် အောင်သူ ပါဝင်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြချုပ်အဖြစ် Michael Feichtenbeiner က တာဝန်ယူထားခြင်းဖြစ်ပြီး တရုတ်၊ မကာအို အသင်းများနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်ကစားရန်ရှိနေခြင်းဖြစ်ကာ လူစာရင်းထုတ်ပြန်ရာတွင် ဒဏ်ရာကြောင့် ရှေ့တန်းကစားသမား အောင်သူ ပါဝင်နိုင်ခြင်း မရှိခြင်း ဖြစ်သည်။

မြန်မာ့လက်‌ရွေးစင်အသင်းတွင် ရှေ့တန်း စည်သူအောင်၊ အောင်ကောင်းမာန်၊ ဝင်းနိုင်ထွန်း၊ သန်းပိုင်၊ အလယ်တန်း ဝေလင်းအောင်၊ ရန်နိုင်ဦး၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ ဇော်ဝင်းသိန်း၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ၊ ငြိမ်းချမ်းအောင်၊ နောက်တန်း ဇွဲခန့်မင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊ ဟိန်းဖြိုးဝင်း၊ သက်ဟိန်းစိုး၊ ဟိန်းဇေယျာလင်း၊ သီဟထက်အောင်နှင့် ဂိုး ပြည့်ဖြိုးသူ၊ ကျော်ဇင်ဖြိုး၊ ဆန်းဆက်နိုင် တို့ကို ရွေးချယ်ထားခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ဇွန်လ ၁၂ ရက်၊ ည ၉ နာရီခွဲတွင် ခြေစမ်းပွဲများ ကစားမည့် တရုတ်နိုင်ငံ ဒါလီယန်းမြို့သို့ ထွက်ခွာသွားပြီဖြစ်ကာ နည်းပြအဖွဲ့တွင် TEAM MANAGER ဦးရဲမျိုးထွန်း၊ TEAM SECRETARY ဦးထွန်းထွန်းအောင်၊ HEAD COACH MICHAEL FEICHTENBEINER၊ ASSISTANT COACHES ဦးမျိုးလှိင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ LORENZ BAUMANN စသည်ဖြင့် ပါဝင်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ်နိုင်ငံ ဒါလီယန်းမြို့တွင် တရုတ်လက်ရွေးစင်အသင်းနှင့် ဇွန်လ ၁၆ ရက်၊ မကာအို လက်ရွေးစင်အသင်းနှင့် ဇွန်လ ၁၉ ရက်တို့တွင် ဖီဖာ နိုင်ငံတကာခြေစမ်းပွဲများ ကစားမည်ဖြစ်ပြီး တရုတ်လက်ရွေးစင်အသင်းနှင့် ပွဲစဉ်အား ပြည်တွင်းရုပ်သံလိုင်းများမှ ပြသရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့အချုပ်မှ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွှေဘို PDF ခြောက်ဦး အပြင်းအထန်ဒဏ်ရာရရှိ
Next post ပါရမီလမ်းပေါ်ရှိ AD မီးပွိုင့်အနီးတွင် အိမ်စီးကားယာဥ်ငယ် နှစ်စီးတိုက်မိရာမှ လူသုံးဦး ဒဏ်ရာရ