ရေဘေးသင့်ဒေသများသို့လှူဒါန်းမည့် ဗုဒ္ဓရုပ်ပွားတော် အဆူ(၂၀၀) မော်လမြိုင်မြို့တွင်း ၃ ရက်တိုင် အပူဇော်ခံ ကြွရောက်မည်

ရေဘေးသင့်ဒေသများသို့လှူဒါန်းမည့် ဗုဒ္ဓရုပ်ပွားတော်အဆူ(၂၀၀)သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်း၌ ၃ ရက်တိုင် အပူဇော်ခံကြွရောက်တော်မူမည်ဟု သာသနာ့နွယ်ဖောင်ဒေးရှင်းထံမှ သိရပါတယ်။

ဗုဒ္ဓရုပ်ပွားတော်များသည် စက်တင်ဘာ ၂၉ ရက် ၌ ညောင်ပင်ပင်ဆိပ်အနောက်ဘက်ကမ်း မျှော်လင့်မှ အောင်သုခ၊ ဒေါ်လန်းရပ်အထိ၊ စက်တင်ဘာ ၃၀ ရက်တွင် သာသနာ့ဗိမာန်မှ ကျောက်မီးသွေးရုံအထိ၊ အောက်တိုဘာ ၁ ရက်တွင် ကျောက်တန်းကျေးရွာမှ ဖက်ခင်း၊ မြိုင်သာယာ၊ တောင်ဝိုင်းအထိ အပူဇော်ခံကြွရောက်တော်မူမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အဆူ(၂၀၀)အား မော်လမြိုင်မြို့ ဘေးအန္တရာယ်ကင်းစေရန်နှင့် ကုသိုလ်များတိုးပွားနိုင်စေရန်အတွက် ကုသိုလ်ရှင်များစုပေါင်းကာ ရေဘေးသင့်ဒေသများသို့ အလှူငွေကျပ်သိန်း(၅၀၀၀)နှင့်အတူ သာသနာနွယ်ဖောင်ဒေးရှင်းမှ တစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post သရုပ်ဆောင်ရတနာခင်၏ ခင်ပွန်း ကိုစိုးလှိုင်ဦး ကင်ဆာ ရောဂါဖြင့် ကွယ်လွန်