နာမည်ကြီးအဆိုတော်ကြီးတွေ ပါဝင်ဖျော်ဖြေကြမယ့် “တွဲလက်ဖေးကူ ရေဘေးအလှူ” Charity Concert ကျင်းပမည်

နာမည်ကြီးအဆိုတော်ကြီးတွေ ပါဝင်ဖျော်ဖြေကြမယ့် “တွဲလက်ဖေးကူ ရေဘေးအလှူ” Charity Concert ဖျော်ဖြေပွဲကိုတော့ စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲမှာ ရန်ကုန်မြို့၊ ရန်ကုန်ဘူတာကြီးအနီးရှိ The Heart of Rangoon-THOR မှာ ကျင်းပမှာဖြစ်ပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာတော့ ချစ်ကောင်း၊ ဂရေဟမ်၊ ဇော်ပိုင်၊ ဖိုးကာ၊ စည်သူလွင်၊ ကောင်းဆက်၊ ဝေလ၊ ကော်နီ၊ ထွန်းအိန္ဒြာ ဗိုလ်၊ ချောစုခင်၊ ဝိုင်းစုခိုင်သိန်း၊ ပန်းရောင်ခြယ်၊ ချမ်းမြေ့မောင်ချို၊ ဂျူးဂျူးစံ တို့က ပါဝင် သီဆိုဖျော်ဖြေကြမှာလည်း ဖြစ်ပါတယ်။

Lead အနေနဲ့ တိုးတိုးနိုင်ထွန်းနဲ့ ရန်နိုင် ၊ Drum ကို စိုးသီဟ(ပါကျဲ)နဲ့ ရဲလင်းမိုး ၊ K-B ကျော်စိုးနိုင်(Aces) နဲ့ လီယိုနာဒ်မောင် မောင်လွင်၊ Bass အပိုင်းကိုတော့ အောင်နိုင်၊ ချစ်ဦးမောင်နဲ့ စိမ်းမောင်တို့က တီးခတ်ဖျော်ဖြေပေးကြမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သမီးလေးရဲ့ အသက် ၄ နှစ်ပြည့်မွေးနေ့အနေနဲ့ ရေဘေးသင့် ပြည်သူတွေကို ဆန်အိတ်ပေါင်းများစွာ လှူဒါန်းဝေငှ သွားမယ့် ဆန်းသစ်လ
Next post (၂၅-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်