ကျိုင်းတုံမြို့ရှိ နမ့်လပ်ချောင်းကူး တံတားအား ပြန်လည် တည်ဆောက်ပြီးဖြစ်၍ ယာဉ်များဖြတ်သန်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းတုံ-လွိုင်မွေကားလမ်းပေါ်တွင် တောင်ကျချောင်းရေမြင့်တက်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် နမ့်လပ်ချောင်းကူးတံတားအား ပြန်လည်တည်ဆောက်ပြီးဖြစ်၍ ယာဉ်များ ဖြတ်သန်းသွားလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၀ ရက် နံနက် ၂ နာရီမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လပ်ချောင်း တောင်ကျရေများ မြင့်တက်လာပြီး ကျိုင်းတုံ-လွိုင်မွေကားလမ်းပေါ်ရှိ အရှည် ၆၀ ပေ၊ အကျယ် ၁၉ ပေရှိ နမ့်လပ်ချောင်းကူးသံကူကွန်ကရစ်တံတားသည် စက်တင်ဘာလ ၁၀ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပြိုကျပျက်စီး ခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိခဲ့ကြောင်း သိရသည်။

ပျက်စီးသွားသော နမ့်လပ်ချောင်းကူးတံတားနေရာတွင် သံဘောင်ဘေလီတံတား အစားထိုးတည်ဆောက်နိုင်ရေး ခရိုင်လမ်းဦးစီးဌာနမှ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းတွင် အရွယ်အစား အရှည် ၈၀ ပေ၊ အကျယ် ၁၂ ဒသမ ၈ ပေ၊ ခံနိုင်ဝန် ၁၃ တန်ရှိသည့် သံဘောင်ဘေလီတံတားကို တည်ဆောက်ပြီးစီးပြီဖြစ်၍ ယာဉ်ကြီး/ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post သမီးလေးရဲ့ အသက် ၄ နှစ်ပြည့်မွေးနေ့အနေနဲ့ ရေဘေးသင့် ပြည်သူတွေကို ဆန်အိတ်ပေါင်းများစွာ လှူဒါန်းဝေငှ သွားမယ့် ဆန်းသစ်လ