ရေဘေးသင့်ပြည်သူများကို လှုဒါန်းရာတွင် သက်ဆိုင်ရာမှ တဆင့်သာ လှုဒါန်းရမည် ဟုဆို

ရေကြီးမှုဖြစ်ပွားသည့်ဒေသများရှိ ရေဘေးသင့်ပြည်သူများအား လှုဒါန်းရာတွင် သက်ဆိုင်ရာမှတဆင့်သာ လှုဒါန်းရ မည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ လာ ရောက်လှူဒါန်းရာတွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များက ပြင်ဆင်ချက်ပြုတ်လာသော အ စားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာအဆိပ်သင့်ဖြစ်ပွားစေ သောရောဂါပိုးများ ပေါက်ပွားရှင်သန်စေမှုဖြစ်စေနိုင်ခြင်း၊ စားသုံးရန်မသင့်သည့် အခြေအနေများသို့ ရောက်ရှိစေ နိုင်ခြင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ အစားအသောက်များအား စားသောက်မိပါက အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း စသည့်ကျန်းမာ ရေးဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နေမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် ပိုမိုဒုက္ခကြုံတွေ့ စေကြောင်း၊ ထို့ကြောင့် အလှူရှင်များအနေဖြင့် အစားအသောက်များ လာရောက်လှူဒါန်းရာတွင် ပြင်ဆင်ချက် ပြုတ်ထားသော အစားအစာများကို လှူဒါန်းခြင်းမျိုးမပြုဘဲ၊ စခန်းများတွင် နေထိုင်သူများအား ပူပူနွေးနွေးချက် ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည်တို့ကို ပေးပို့လှူဒါန်းရန် အသိပေးထားသည်။

ထိုကဲ့သို့ ပေးပို့လှူဒါန်းရာတွင်လည်း မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအ ဖွဲ့များမှတဆင့်သာ ပေးပို့လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းများတွင်လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာ ရေးနှင့်ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြရန်လည်း ညွှန်ကြားထားသည်။

“ဒါက လှူတဲ့အလှူရှင်တွေကို သဒ္ဒါပျက်စေတယ်လို့မြင်တယ်။ သူတို့ကနေတဆင့်လှူရင် အဲဒီပစ္စည်းတွေက တကယ်ရော လိုအပ်သူတွေလက်ထဲ ရောက်နိုင်မှာလား။ နာဂစ်တုန်းက သက်သေပဲလေ။ လှူတယ့်သူတွေရဲ့ ပစ္စည်းတွေကိုသိမ်းပြီး ပြန်ရောင်းစားကြတာလေ။ အဆင်မပြေနိုင်ဘူး။” ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင် သူတစ်ဦးကပြောသည်။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာနှင့် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရေဘေးရှောင်နေရသည့်ပြည်သူများ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post OMO 1 Year Anniversary ပြည့်နဲ့ မွေးနေ့အမှတ်တရပွဲမှာ ရေဘေးအတွက် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ နန်းဆုရတီစိုး