(၁၃-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၃-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း နစကထုတ်ပြန်

၂။ စက်တင်ဘာလအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ခဲ့ရာ သာမန်ပြည်သူစားသုံးသည့် ပြည်တွင်းစားဆန်ဈေး ပြောင်းလဲမှုမရှိ

၃။ ကျောက်ဆည်မြိုနယ်၊ ကြက်မင်းတွန်ရပ်ကွက်အတွင်း ဇော်ဂျီမြစ်ရေဝင်ရောက်မှုမရှိစေရေး ဇော်ဂျီမြစ်ကမ်းပါးအား သဲအိတ်ဖိုခြင်းများ ဆောင်ရွက်

၄။ ၂၄နာရီအတွင်း ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း ခရိုင်များတွင် မိုးကြီးရေလျှံနိုင်ကြောင်း မိုးဇလပညာရှင် စုစုစံ အသိပေး

၅။ မောင်တောမြို၊ မောင်နီရပ်ကွက်မှ ဘင်္ဂါလီမိသားစု ၉ စုကို ရခိုင်လက်နက်ကိုင် AA သတ်ဖြတ်၍ နိုင်ငံတကာက အရေးယူပေးရန် MHRDC ထုတ်ပြန်

၆။ စစ်ရေးအရ နယ်မြေတချိုကို လွှမ်းမိုးနိုင်သော်လည်း နိုင်ငံရေးအာဏာ အမှန်တကယ် ရ၊ မရ ဗိုလ်မှူးကြီးခွန်ဥက္ကာ မေးခွန်းထုတ်

၇။ TNLA အကျအဆုံးများနေသော တောင်ခမ်းတိုက်ပွဲတွင် TNLA ယူနီဖောင်း ဝတ်ထားသူများအနက် ပလောင်အရေအတွက်မှာနည်းပါးပြီး PDF အများစု ပါဝင်နေ

၈။ စက်တင်ဘာလ ၁၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၀၆၃,၀၅၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၂၁၅ ကျပ်၊ Octane 95 – ၃၃၅၅ ကျပ်၊ Diesel – ၂၇၁၀ ကျပ်၊ Premium Diesel – ၃၃၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရန်သူဖုံးကွယ်ပုန်းအောင်းနေတဲ့နေရာတွေကို မီးလောင်ကျွမ်းအောင် ပစ်ခတ်နိုင်တဲ့ ဒရုန်းတစ်မျိုး ယူကရိန်း ထုတ်ဖော်ပြသ

၂။ ဂါဇာမှာ ကုလသမဂ္ဂဝန်ထမ်းတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ခံမှုမရှိတာ လက်ခံနိုင်စရာမဟုတ်ကြောင်း အတွင်းရေးမှူးချုပ် ဂူတားရက်စ်ပြော

၃။ တာဝေးပစ်လက်နက်တွေအရေး ဆွေးနွေးဖို အမေရိကန်/ဗြိတိန် ထိပ်တန်းသံတမန်တွေ ယူကရိန်းကို သွားရောက်

၄။ ရုရှားအစိုးရရဲ့ မက်လုံးပေးကမ်းလှမ်းချက်ကောင်းလွန်းလို စစ်တပ်ထဲဝင်တဲ့သူ ၆ ဆအထိ တိုးမြင့်လာ

၅။ ဗီယက်နမ် အနောက်မြောက်ပိုင်းတွင် တောင်ကျရေတိုက်စားမှုကြောင့် ရွာလုံးကျွတ်နီးပါး သေဆုံး

၆။ အရှေ့အလယ်ပိုင်းဒေသရေပြင်ကို အမေရိကန်ရဲ့နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရောက်ရှိနေ

အားကစားသတင်းများ

၁။ ရေဘေးသင့်ပြည်သူများကို ကူညီရန် ချန်ပီယံခါးပတ်ကိုလေလံတင်ရောင်းချမည်ဟု ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း ပြော

၂။ မြန်မာ့လက်ရွေးစင် ယူ ၂၀ အသင်းဟာ လေ့ကျင့်ခြေစမ်းပွဲစဉ်အဖြစ် ထိုင်းလိဂ် ၃ ကလပ် ကာဆန်ဘန်ဒစ် တက္ကသိုလ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့

၃။ အင်္ဂလန်အသင်းနဲ့လမ်းခွဲခဲ့တဲ့ နည်းပြ ဂရက်ဆောင်ဂိတ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့နည်းပြ တန်ဟဂ်ရဲ့နေရာကိုအစားဝင်ဖို အလားအလာရှိတယ်လို သတင်းတွေထွက်လာခဲ့

၄။ အဲဗာတန်အသင်းပရိသတ်များကို ရှယ်ယာများဝယ်ယူခွင့်ပြုဖိုကြိုးပမ်းနေ

၅။ ဩစတြေးလျဟော်ကီအသင်းရဲ့ကစားသမား တွမ်ခရိတ် ကစားခွင့် ၁၂ လကြာပိတ်ပင်ခံလိုက်ရ

အနုပညာသတင်းများ

၁။ ငယ်ငယ်က ရိုက်ပေါက်ဖြစ်အောင် ရုပ်ဆိုးခဲ့တဲ့ ညီနန္ဒ

၂။ ရေဘေးသင့်နေရာတွေကူညီဖို အသက်ကယ်လှေတစ်စီးအတွက် ကျပ် ၂၇ သိန်း လှူဒါန်းသွားမယ့်အလှမယ် အိအိအောင်ထွန်း

၃။ အနုပညာမောင်နှမတွေနဲ့ အဖွဲလိုက် တေးသီချင်းတွေသီဆိုပြီး အလှူခံကာ ရေဘေး လှူဒါန်းသွားဖို ပြင်ဆင်နေတဲ့ နွေးနွေးချစ်ဖွယ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေဘေးသင့်ပြည်သူများကို ကူညီရန် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ် ကျပ်သိန်း (၄၀၀)အထိ ရရှိနေ
Next post (၁၃-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ