(၃၀-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃၀-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မန္တလေးမြိုမှာ စစ်ဘေးမဖြစ်ဖိုအတွက် ပြည်သူများ ဆန္ဒထုတ်ဖော်လှုဆော်မှု ပြုလုပ်

၂။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာကျောင်းသားကျောင်းသူများကို ပညာတော်သင်ဆု ပေးအပ်

၃။ တိုက်ပွဲများကြားမှ ပညာရေးဓားစာခံဖြစ်နေသော ကလေးငယ်များကို လက်ခံသင်ကြားမည့် အထူးအစီအစဉ် IBEC စတင်

၄။ စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး တိုးမြှင့်ကောက်ခံမည်

၅။ Ongo mobile money ဝန်ဆောင်မှုအား ဖျက်သိမ်းထားပြီး ထုတ်ယူရန်ကျန်ရှိသည့် ငွေစာရင်းကိုလည်း ပြန်လည်ဖြေရှင်းပေးမည်ဟု မြန်မာအရှေ့တိုင်းဘဏ် အသိပေး

၆။ ထိုင်းနိုင်ငံ ဖူးခက်တွင် မြန်မာလုပ်သားနှင့် ထိုင်းလုပ်သားစကားများရာမှ ဓားထိုးခံရပြီး မြန်မာလုပ်သားသေဆုံး

၇။ အောင်ပန်းတွင် ကလေး ၇ ယောက်ဖခင် ကြိုးဆွဲချသေဆုံးမှု ယနေ့ဖြစ်ပွား

၈။ ဩဂုတ်လ ၂၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၀၀၆,၇၉၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၇၅ ကျပ်၊ Octane 95 – ၃၁၁၅ ကျပ်၊ Diesel – ၂၆၁၀ ကျပ်၊ Premium Diesel – ၃၂၀၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်းသိမ်းပိုက်ထားတဲ့နယ်မြေတွေကို ရုရှားအနေနဲ့ ခက်ခက်ခဲခဲ ပြန်လည်တိုက်ယူရမှာဖြစ်ကြောင်း CIA ဒုညွှန်မှူးပြော

၂။ တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင်ရိက္ခာပိုသင်္ဘောတွေကို လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနိုင်ကြောင်း အမေရိကန်ပြော

၃။ ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ တယ်လီဂရမ်ပိုင်ရှင်ကို ပြင်သစ်အာဏာပိုင်များ စွဲချက်တင်

၄။ ပထမဦးဆုံး EA-37B အီလက်ထရောနစ်တိုက်ခိုက်ရေးလေယာဉ် အမေရိကန်လေတပ် လက်ခံရရှိ

၅။ ပြည်သူ့ပင်စင်ရန်ပုံငွေကို အရေးပေါ်ပြုပြင်ပြောင်းလဲရန်အတွက် အမေရိကန်ဒေါ်လာ (၈၃၀) ဘီလျံလိုအပ်ကြောင်း တောင်ကိုရီးယားသမ္မတယွန် ပြောကြား

၆။ နည်းပညာ ပြဿနာကြောင့် အိုင်ဒိုဗင်လေဆိပ်တွင် လေယာဉ် အသွားအလာများ ရပ်တန့်

အားကစားသတင်းများ

၁။ မြန်မာအမျိုးသမီးဘောလုံး အကယ်ဒမီကျောင်း ဖွင့်လှစ်ရန် ဆောင်ရွက်နေ

၂။ Skynet Sports 4 ရုပ်သံလိုင်းတွင် MBC ၏ Professional Boxing Matches(1)၏ ပွဲစဉ်များကို ဩဂုတ်လ(၃၁)ရက်နေ့တွင် ပြသသွားမည်

၃။ MNL (U-20) (Week-13) ပထမ‌အကျော့ နောက်ဆုံးပွဲစဉ်အဖြစ် ဒဂုံပေါ့ယူ၂၀အသင်းနှင့် ရန်ကုန်ယူနိုက်တက်ယူ၂၀ အသင်းတို ယှဉ်ပြိုင်ကစားကြမည်

၄။ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဝက်စ်ဟမ်းနဲ့ ပွဲကျပ်ရင်ဆိုင်ရမယ့် လက်ရှိချန်ပီယံလီဗာပူး

၅။ အနားမယူခင် စွမ်းဆောင်ပြချင်သည့်အရာကို စီရော်နယ်ဒို ထုတ်ဖော်ပြောဆို

အနုပညာသတင်းများ

၁။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ပြီ ရက်စက်တဲ့မိန်းမဆိုပြီး အသည်းတွေယားလာတဲ့အထိဖြစ်ရလို ဒီကားကိုအရမ်းကျေနပ်ပါတယ်ဆိုတဲ့ မေမီကိုကို

၂။ Ed Sheeran နဲ့အတူ ပူးပေါင်းဖျော်ဖြေပြီး ပရိသတ်တွေကို အံ့အားသင့်အောင်လုပ်ဆောင်ခဲ့တဲ့ Thor ဇာတ်ကောင်သရုပ်ဆောင်ခရစ်ဟမ်းစ်ဝါ့တ်

၃။ BLACKPINK ရဲ့ WHISTLE သီချင်းက YouTube မှာကြည့်ရှုသူသန်း(၉၀၀) ကျော်ခဲ့တဲ့ ၎င်းတိုရဲ့(၈)ပုဒ်မြောက်သီချင်းဖြစ်လာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၃၀-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ