Taylor Swift ဟာ Eras Tour ဖျော်ဖြေပွဲမှာ Kobe Bryant ရဲ့သမီး Bianka ကို ဦးထုပ်လက်ဆောင်ပေးခဲ့

ပြီးခဲ့တဲ့ ကြသပတေးနေ့ညက Eras Tour အနေနဲ့ ကျင်းပတဲ့ တေလာဆွစ်ရဲ့လော့အိန်ဂျယ်လိစ်ရှိုးပွဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘတ်စကက်ဘောကစားသမား ကိုဘီဘရိုင်ယန်ရဲ့သမီးလေး ဘီရန်ကာ ဘရိုင်ယန်အတွက် ပြီးပြည့်စုံတဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။ ဘီရန်ကာက အထူးပရိသတ်အနေနဲ့ ရွေးချယ်ခံရပြီး တေလာဆွစ်ဖ်ရဲ့ဦးထုပ်ကို လက်ခံရရှိခဲ့လို့ပါပဲ။ တေလာဆွစ်ဖ်က “22” သီချင်းဖျော်ဖြေစဉ်အတွင်း ဘီရန်ကာကို သူ့ရဲ့ဦးထုပ်လက်ဆောင်ပေးခဲ့တာပါ။

တေလာဆွစ်ဖ်က ရှိုးတစ်ခုဖျော်ဖြေတိုင်း အဲ့ဒီသီချင်းဆိုတဲ့အချိန်ဆို စတိတ်ရှေ့လာတဲ့ ပရိသတ်တစ်ဦးကို ရွေးချယ်လေ့ရှိခဲ့တာပါ။ ဩဂုတ်လ ၃ ရက်နေ့က အသက် ၇ နှစ်အရွယ် ဘီရန်ကာဟာ အထူးပရိသတ်အဖြစ် ရွေးချယ်ခံရတဲ့ ကံကောင်းတဲ့သူဖြစ်ခဲ့ပါတယ်။ တေလာဆွစ်ဖ်က ဘီရန်ကာကို အနက်ရောင် 22 ဦးထုပ်ကို လက်ဆောင်မပေးခင် ပွေ့ဖက်ခဲ့ပြီး ပါးကို နမ်းခဲ့တဲ့ အခိုက်အတန့်လေးရှိခဲ့ပါတယ်။

ဒီချိုမြိန်တဲ့အခိုက်အတန့်လေးကို ဘီရန်ကာရဲ့မိခင် ဗာနက်ဆာ ဘရိုင်ယန်က အင်စတာဂရမ်မှာ မျှဝေပေးခဲ့တာပါ။ အဲဒီနေ့ညက ဘီရန်ကာရဲ့ညီအမတွေဖြစ်တဲ့ နာတာလီယာ ဘရိုင်ယန်၊ ကာပရီ ဘရိုင်ယန်တို့လည်း ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပါတယ်။ တေလာဆွစ်ဖ်နဲ့အဖွဲ့လိုက်ရိုက်ထားတဲ့ ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

Ref:https://www.kcra.com/article/taylor-swift-kobe-bryant-daughter/44733845

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဇူကာဘတ်နှင့် ယှဉ်ပြိုင်ထိုးသတ်မှုကို X တွင် တိုက်ရိုက်ထုတ်လွှင့်မည်ဟု အီလွန်မတ်စ် ပြော
Next post ယုံကြည်မှုတွေအလွဲသုံးစားလုပ်ခံရလို့ စတီးလ်နဲ့ လက်တွဲဖြုတ်တော့မယ့် ခိုင်နှင်းဝေ